🍁Part 6🍁

1.9K 72 3
                                    

[Unicode]

"မမတို့က စားတောင်စားနေပြီလား...ကျွန်တော့်ကိုတောင် မစောင့်ဘူး"

"နင့်ကိုစောင့်ရအောင် အစာအိမ်ခြင်း ဆက်ထားတာလဲ မဟုတ်ဘူး...ဘယ်အချိန်ပြန်လာမှန်း မသိပဲ နင့်ကို အဆာခံပြီး စောင့်နေစရာလား"

အစ်မဖြစ်သူ ရွှေအိနြေ္ဒစကားကြောင့် ဌေးသစ္စာလည်း နှာခေါင်းရှုံ့ကာ ခွန်းဆက်တို့ကိုကြည့်လိုက်သည်။ သူ့အာရုံကိုလည်း ခွန်းဆက်ဘေးမှ ကောင်လေးက ဖမ်းစားသွားခဲ့သည်။ မျက်ဝန်းပြာလေးတွေဖြင့် သူ့အားစိုက်ကြည့်နေသော ထိုကောင်လေးကြောင့် ဌေးသစ္စာအမည်မဖော်နိုင်သည့် ခံစားချက်တို့ ဖြစ်ပေါ်လာရသည်။ ဌေးသစ္စာလည်း ထိုကောင်လေးအား အကြည့်လွှဲလိုက်ရင်း

"သားတို့ ဘယ်အချိန်ကတည်းက ရောက်နေတာလည်း...မမကလဲ သားတို့လာမယ်ဆိုတာ ကြိုမပြောဘူး...လက်ဆောင်လေး ဘာလေးပေးလို့ ရအောင်"

"မလိုပါဘူး ဦးငယ်ကလည်း...သားနဲ့ မာန်က daddy ခေါ်လို့လာတာ မဟုတ်ရင် မလာဘူး"

"ဘာကွ...ဟေ့ကောင် ခွန်းဆက်"

ဦးခွန်းမြတ်မဟာက ခွန်းဆက်ကိုလှမ်းဟောက်သောကြောင့် ခွန်းဆက်ဇက်လေးပုသွားရသည်။

"အစ်ကိုကလည်း ကလေးကို မအော်ပါနဲ့"

"မင်းအဲ့လိုကာပေးနေလို့ မင်းတူ‌ဆိုးနေတာ"

ဌေးသစ္စာလည်း ယောက်ဖဖြစ်သူစကားကြောင့် ရယ်လိုက်ရင်း အစ်မဖြစ်သူဘေးက ခုံတွင် ၀င်ထိုင်လိုက်သည်။

"ဦးငယ် ဘယ်ကပြန်လာတာလဲ...မျက်နှာကလည်း ပြုံးနေတာဆိုတော့ ဒီတစ်ခါ တော်တော်ခိုင်ခဲ့ပြီထင်တယ်"

ခွန်းဆက်က သူ့ဦးငယ်၏ မျက်နှာအရိပ်အခြေကို အကဲခတ်ရင်းမေးသည်။

"မင်း အကဲခတ်တော်တယ်...ရှားပါး စိန်တစ်မျိုးကို ငါ ၀ယ်ထားတာရှိတယ်လေ...အခုအဲ့တာကို ပေါက်ဈေးထက် ငါးဆပေးပြီး လာဝယ်သွားတယ်ကွာ...ငါ အရင်းထက် အများကြီး မြတ်သွားတယ်ကွ"

"အဲ့ဒါဆို သားသဘောကျတဲ့ ဆိုင်ကယ်လေး မ၀ယ်ပေးချင်ဘူးလား"

"မ၀ယ်ပေးချင်ပါဘူး"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now