🍁Part 33.2🍁

678 24 1
                                    

[Unicode]

မာန် တစ်ယောက် အိပ်ရာထက်တွင် ရင်ဘက်ထိရောက်အောင် စောင်ခြုံထားကာ လှဲနေရင်း ဖုန်းပြောနေသော ခွန်းဆက်ကို မျက်နှာငယ်လေးနဲ့ကြည့်နေသည်။ နေ့လယ်လောက်တုန်းက ခွန်းဆက် တော်ခိုင်းသည်ကို မတော်သေးပဲ ရေဆော့တာများသွားသည်ကြောင့် ညနေလောက်လည်းရောက်ရော ကိုယ်တွေပူလာကာ ဖျားပါလေတော့သည်။ ဖုန်းပြော၍ ပြီးသွားသော ခွန်းဆက်က မာန့်ကိုကြည့်လာသည်။

"မင်းမြတ်တို့် ခဏနေရင် ရောက်မယ်ပြောတယ်"

"အင်း"

"နေ့လယ်က အတန်တန်ပြောတယ်မဟုတ်လား... ရေတွေရွှဲနေပြီ ဖျားလိမ့်မယ်ဆိုတာကို...အဲ့တာကို ၅ မိနစ် ၅မိနစ်နဲ့... အခုတော့ကြည့်စမ်း...ဖျားပြီမဟုတ်လား"

"ဟီးးးး"

သွားတန်းဖြူဖြူလေးများပေါ်အောင် မျက်နှာချိုသွေးကာ ရယ်ပြလာသော မာန့်ကြောင့် ခွန်းဆက် ဆူရမည့်စကားတို့ လေထဲမှာတင် လွင့်ပြယ်သွားတော့သည်။ ခွန်းဆက်လည်း ကုတင်ပေါ် တစ်စောင်းဝင်ထိုင်လိုက်ရင်း မာန့်လက်တစ်ဖက်ကိုကိုင်ကာ

"ခေါင်းကိုက်နေလား"

နူးညံမှုအတိပြီးသော လေသံလေးဖြင့် မေးလာသည်။ မာန်ကလည်း ပြုံးရယ်ရင်းပင် ခေါင်းခါပြလာသည်။ ခွန်းဆက်၏ ကျန်လက်တစ်ဖက်က မြှောက်တက်သွားကာ မာန့်နဖူးထက်သို့ရောက်သွားသည်။

"ကျစ်! ကိုယ်တွေ ပူကျစ်နေတာပဲ... ခင်ဗျားလေး သိပ်ဆိုးတာနော်... တစ်ခါတစ်လေ ကျွန်တော့်စကားကို နားထောင်ရင် ဘယ်သူက ဘာလုပ်မှာမို့လို့လဲ"

မာန်ကတော့ ပြုံးနေရင်းသာ ခွန်းဆက်ကိုကြည့်နေသည်။ သူ့လက်ကို ကိုင်ထားသော ခွန်းဆက်လက်ကိုလည်း ဖြစ်ညစ်နေလိုက်သည်။ ခွန်းဆက် မာန့်နဖူးပေါ်မှ လက်ကိုရုတ်လိုက်ကာ မာန့်ပါးဖောင်းဖောင်းလေး တစ်ဖက်ကို ဖွဖွပွတ်သက်ရင်း မျက်ဝန်းပြာလေးများထဲ စိုက်ကြည့်လိုက်သည်။

"နေမကောင်းမဖြစ်ပါနဲ့ မာန်...အခုလို အိပ်ရာထဲ လှဲနေတဲ့ ခင်ဗျားကိုကြည့်ရတာ ကျွန်တော့်အတွက် အဆင်မပြေဘူး"

"ခွန်းဆက်"

"ဗျာ"

မာန်နဲ့ခွန်းဆက် ဘာမှမပြောပဲ တစ်ယောက်မျက်လုံးထဲ တစ်ယောက်စိုက်ကြည့်ကာ ပတ်ဝန်းကျင်ကိုမေ့နေသည်။ မာန် မျက်နှာလေးကလည်းပြုံးနေသလို ခွန်းဆက်သည်လည်း အပြုံးပန်းတို့ဝေနေသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now