🍁 Part 13🍁

1.5K 48 6
                                    

[Unicode]

ခွန်းဆက် မာယာနှင့်အတူ shopping center တစ်ခုတွင် လျှောက်ကြည့်နေတုန်း ခွန်းဆက်ထံသို့ ဖုန်းဝင်လာခဲ့သည်။ ၀င်လာသော contact name အားကြည့်လိုက်တော့ အလင်းဆည်းဆာကို ရှာခိုင်းထားသော သူ့တပည့်ထံမှဖြစ်နေသည်။ ခွန်းဆက် ချက်ချင်းပင် ဖုန်းကိုင်လိုက်တော့သည်။

"Hello မင်းအောင်"

"Boss အခုချက်ချင်း ကျွန်တော်ရှိတဲ့နေရာဆီ လာခဲ့ပေးပါ"

"ဘာလို့လဲ... ဘာသတင်းထူးလို့လဲ"

"အစ်ကိုလေး အလင်းဆည်းဆာကို သိတဲ့လူနဲ့ ကျွန်တော်အတူရှိနေပါတယ်... သူပြောတာက..."

"သူဘာပြောလို့လဲ... ပြောလေ"

"Boss သာ ချက်ချင်းလာခဲ့ပေးပါ... သူပြောတာကို boss ကိုယ်တိုင်နားထောင်တာ ပိုကောင်းပါလိမ့်မယ်"

"အေး ငါအခုလာခဲ့မယ်... မင်းရဲ့တည်နေရာကို ငါ့ဆီ massage ပို့ထား"

"ဟုတ်ကဲ့ပါ boss...ကားကို ဂရုစိုက်မောင်းပါ"

ခွန်းဆက်ဖုန်းကိုချလိုက်ပြီး မာယာ့အားကြည့်တော့ သူ့ကိုကြည့်နေတာနဲ့ဆုံသည်။

"ကိုကို ဘာဖြစ်လို့လဲ"

"မာယာ နင်ကိုယ့်ဘာသာပဲ အိမ်ပြန်လိုက်တော့နော်... ငါအရေးတကြီး သွားစရာပေါ်လာလို့"

"ကိုကို ဘယ်သွားမို့လဲ... မာယာလဲလိုက်မယ်"

"မလိုက်နဲ့... နင့်ဘာသာနင် အဆင်ပြေအောင် ကြည့်လုပ်လိုက်တော့ ငါသွားတော့မယ်"

"ကိုကို... ကိုကို! "

မာယာခေါ်သံကိုတောင် လှည့်မကြည့်ပဲ သူ့ကားရှိရာဆီသို့ အပြေးနှင်တော့သည်။ ကားပေါ်ရောက်သည်နှင့် သူ့တပည့်ပို့ပေးထားသော လိပ်စာအားကြည့်ကာ ကားကိုမောင်းထွက်သွားသည်မှာ အရှိန်ပြင်းစွာ။ Lamborghini ကားအနီလေးသည် လမ်းမပေါ်တွင် အရှိန်အဟုန်မြင့်စွာဖြင့် တရိပ်ရိပ်ပြေးနေလေသည်။

*********************************
သူ(မ) ခေါ်သံတောင်လှည့်မကြည့်နိုင်ပဲ အပြေးထွက်သွားသော ခွန်းဆက်အားကြည့်ကာ မာယာ ဒေါသများထွက်လာတော့သည်။

"တောက်!!! ကိုကိုက မာယာ့ကို တစ်ခြားတစ်ယောက်အတွက်နဲ့ ထားခဲ့တယ်ပေါ့... ကိုကို နောင်တရစေရမယ်... ပြီးတော့ ကိုကိုက မာယာ့အပိုင်ပဲ... ကိုကို့ ကိုရအောင် ပြန်ယူပြမယ်... ကိုကိုက မာယာ့ကို မချစ်ရင်တောင်... ကိုကို့စိတ်က တစ်ခြားတစ်ယောက်ဆီရောက်နေရင်တောင် ကိုကိုကတော့ မာယာ့အနားမှာပဲရှိရမယ်"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now