🍁Part 17🍁

1.4K 45 4
                                    

[Unicode]

ခွန်းဆက်တစ်ယောက် မနက်အစောကြီးနိုးနေကာ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ ဆေးရုံတွင်ရှိနေသည်မှာလည်း တစ်ပတ်ကျော်နေပြီ ဖြစ်ရာ အားလုံးပြန်ကောင်းနေပြီ ဖြစ်သည်။ ခွန်းဆက် ကုတင်ပေါ်တွင် ခြေဆင်းထိုင်လိုက်ရင်း ခေါင်းအုံးအား ကျောနောက်ဘက်တွင်ခုလိုက်လေသည်။

တစ်ဖက်လူနာစောင့်ကုတင်ပေါ်တွင် အိပ်ပျော်နေသော မာန့်ဆီ အကြည့်ရောက်မိသည်။ တစ်ခြမ်းစောင်းအိပ်နေသည်ကြောင့် နှုတ်ခမ်းဖူးဖူးလေးက ရှေ့သို့ဆူထွက်နေသည်။ နှင်းလိုဖြူသော အသားအရေနှင့် နီရဲနေသော နှုတ်ခမ်းလေးက လိုက်ဖက်လွန်းသည်။

ခွန်းဆက်အား လူနာစောင့်ပေးရသည်က တစ်ကြောင်း ကုမ္ပဏ်ီအလုပ်များကတစ်ကြောင်းနှင့် တွေ့စကာလို မာန်တွင်ပါးဖောင်းဖောင်းလေးများ မရှိတော့ပဲ မျက်တွင်းများကလည်း အနည်းငယ် ချိုင့်ဝင်လို့နေသည်။ မျက်ဝန်းများကို မှိတ်ထားသည်ကြောင့် မျက်တောင်ရှည်လေးများကို ရှင်းလင်းစွာမြင်နေရသည်။

နှာတံစင်းစင်းလေး၏ဘေးဘက် ပါးမို့ထက်တွင် စံပယ်တင်မှဲ့နက်လေးက ခွန်းဆက်၏ အာရုံကို အစွဲဆောင်နိုင်ဆုံးသော အရာလေးပင်။ ခွန်းဆက် မာန့်အား အချိန်အတော်ကြာအောင်စိုက်ကြည့်နေမိသည်။ ကြည့်နေရင်းနဲ့ပင် ရင်ထဲတစ်မျိုးတစ်မည်ခံစားလာရသည်။ ထိုအချိန် တံခါးဖွင့်ကာ ၀င်လာသော မိုးထက်။

"ဟေ့ကောင် အစောကြီးနိုးနေတာလား"

အသံကျယ်ကျယ်ဖြင့်ပြောလာသည်ကြောင့် ခွန်းဆက်နောက်တွင်ခုထားသော ခေါင်းအုံးကိုယူကာ မိုးထက်ဆီ ပစ်ပေါက်လိုက်သည်။

"တိုးတိုးပြော ခွေးသား...မာန် အိပ်နေတယ်"

"ဟီး မတွေ့လိုက်လို့ ဆောတီး ဆောတီး"

"ပြော ဘာလို့လာတာလဲ"

"မင်းဆေးရုံက ဆင်းချင်ရင် ဆင်းလို့ရပြီ"

"ဟင် ဆင်းရတော့မှာလား"

"ဘာလဲ မဆင်းချင်သေးဘူးလား"

"အဲ့လိုလည်း မဟုတ်ပါဘူး"

"ဘာလဲ ဆင်းရင် အစ်ကိုနဲ့ နှစ်ယောက်ထဲ မနေရတော့မှာ ဆိုလို့လား"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now