🍁Part 55🍁

376 13 2
                                    

[Unicode]

မဟာ မျက်လုံးများပွင့်လာချိန်တွင် ခေါင်းက တဆစ်ဆစ်ထိုးကိုက်နေပြီး မျက်ဝန်းများကလည်း သိပ်မကြည်ချင်ဖြစ်နေသည်။ ထိုအချိန် ကြားလိုက်ရသော ငိုသံသဲ့သဲ့။ ဘေးဘီအားကြည့်မိတော့ စောင်ကို ကိုယ်တွင်ပတ်ကာ ငိုနေသော မိန်းကလေးတစ်ယောက်။ထိုပုံစံကို မြင်လိုက်ရသော မဟာတစ်ယောက် ခေါင်းနပန်း ကြီးသွားတော့သည်။ အမြင်အာရုံထဲတွင်လည်း မနေ့ကအကြောင်းအရာများက ပြန်မြင်ယောင်လာသည်။ ယခုသူ့ရှေ့မှ မိန်းကလေးသည် ရွှေစင်မဟုတ်ကြောင်းကို ဆံပင်တိုများက သက်သေခံနေသည်။ သူ ရွှေစင်ဟု အထင်မှားခဲ့သော ဤမိန်းကလေးက မည်သူနည်း။ မဟာ ပူထူနေသော စိတ်တို့ကို ကြိုးစားထိန်းချုပ်ကာ

"ဒီမှာ ဒီမှာ"

မဟာ အသံတုန်တုန်နှင့် ထိုမိန်းကလေးအားခေါ်မိတော့ သူ့ဘက်ကို လှည့်လာသော မျက်နှာလေးကြောင့် မျက်လုံးများပြူးကျယ်သွားရပြီး ခေါင်းကိုက်နေသည်များပင် ပျောက်သွားရတော့သည်။ သူရှေ့မှ ရှိနေသည်က ငိုထားသည်ကြောင့် မျက်နှာကလေးများနီရဲနေသော မျက်နှာလေးနှင့် အင်္ကျီမရှိသော ကိုယ်တစ်ပိုင်းအား စောင်အုပ်ထားသော အိနြေ္ဒပင် ဖြစ်သည်။ မဟာ့ ထိတ်လန့်စိတ်တို့က အဆပေါင်းများစွာ ပိုတိုးလာတော့သည်။

"အိနြေ္ဒ နင်က ဘယ်လိုလုပ်"

"ငါမသိဘူး...ငါ့ကို ဘာမှမမေးပါနဲ့တော့...အင့်"

ပြောရင်း ရှိုင်ကြီးတငင်ငိုချလာသော အိနြေ္ဒကြောင့် မဟာ ဆံပင်များကို ထိုးဖွမိလိုက်တော့သည်။ ယခုအခြေအနေအား သူမည်သို့ဖြေရှင်းရမည်မှန်း မသိတော့ပဲ ငိုနေသော အိနြေ္ဒကိုသာ ငူငူကြီး ငေးကြည့်နေမိတော့သည်။ သူ့စိတ်ထဲ ဘာမှတွေးတော၍ မရနိုင်အောင်ကိုပင် ဗလာသက်သက်ဖြစ်နေသည်။ သူကြည့်နေတုန်းမှာပင် အိနြေ္ဒက ရှိုက်သံရောသော အသံဖြင့်စကားစလာသည်။

"မပူပါနဲ့ ငါဘယ်သူ့ကိုမှ မပြောပါဘူး"

"မဟုတ်ဘူး အိနြေ္ဒ ငါက"

လှပသော မျက်လုံးများဖြင့် သူ့အားကြည့်လာသော အိနြေ္ဒမှာ ကူရာမဲ့စွာ။ မဟာ့ စိတ်ထဲပူလောင်လာရသည်။မိန်းကလေးတစ်ယောက်ဖြစ်နေသည့်အပြင် သူငယ်ချင်းပါဖြစ်နေသည်ကြောင့် အိနြေ္ဒအားသူလျစ်လျူမရှုနိုင်။ ရွှေစင်အား မည်သို့ဖြေရှင်းချက် ပေးရမည်မသိ။ ဟိန်းသိသွားရင်ရော သူ့အား သစ္စာဖောက်ဟူ၍ စွပ်စွဲမည်လား။ ချစ်ရသော မိန်းကလေးနှင့် သူငယ်ချင်းချစ်နေသော မိန်းကလေး။ မဟာ မစဉ်းစားတတ်တော့။ အချိန်အတော်ကြာငေးငိုင်နေပြီးမှ မဟာ အိနြေ္ဒ့အားကြည့်ကာ

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now