🍁Part 4🍁

2.4K 75 3
                                    

[Unicode]

Ringing.....

ဖုန်း ringtone အသံကြောင့် မိုးပြာရောင် မျက်ဝန်းလေးတစ်စုံကို အုပ်မိုးထားသော မျက်ခွံလေးများက ဖွင့်ဟလို့လာသည်။ ညတစ်ရေးနိုးပြီး မနက်မိုးလင်းကာနီးမှ ပြန်အိပ်ပျော်သွားတာကြောင့် မာန် ခေါင်းသိပ်မကြည်ချင် ဖြစ်နေသည်။ ကုတင်ခေါင်းရင်းကိုမှီကာ ‌ခြေဆင်းထိုင်လိုက်ရင်း ဖုန်းကိုယူကာ accept ကို နိပ်လိုက်တော့ တစ်ဖက်မှ အသံထွက်ပေါ်လို့လာသည်။

"Hello "

"Hello daddy"

"နိုးပြီလား သား"

"ဟုတ် ခုပဲနိုးတာ daddy "

"daddy ကြောင့် နိုးသွားတာထင်တယ်... sorry ကွာ"

"မဟုတ်တာ daddy... daddy ရော နေကောင်းလား...လုပ်ငန်းတွေကရော အဆင်ပြေလား"

"daddy လည်း နေကောင်းတယ်...အလုပ်တွေလည်း အဆင်ပြေတယ်...ဒါနဲ့ မင်းအသံက ဘယ်လိုဖြစ်နေတာလဲ...နေမကောင်းဘူးလား "

မာန် ဖုန်းပြောနေရင်းနှင့်ပင် နားထင်နှစ်ဖက်အား လက်မနဲ့ လက်ညိုးသုံးကာ ဖိနှိပ်နေသည်။

"ညက တစ်ရေးနိုးပြီး တော်တော်နဲ့ ပြန်အိပ်မရလို့ ခုခေါင်းနည်းနည်းကိုက်နေတာ daddy "

"အေးကွာ...ကျန်းမာရေးလည်း ဂရုစိုက်အုံး...မနက်စာစားပြီးတာနဲ့ ဆေးသောက် ကြားလား"

"ဟုတ်ကဲ့ daddy "

"မင်္ဂလာပွဲရော အဆင်ပြေခဲ့ရဲ့လား"

"အားလုံးအဆင်ပြေခဲ့ပါတယ် daddy "

"လုပ်စရာရှိတာလုပ်ဆိုပေမယ့်...ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်...မင်းဝင်သွားတာ ပန်းဥယျာဉ်မဟုတ်ဘူးနော် မာန်...သားရဲတွင်းကွ သားရဲတွင်း...ဘာပဲလုပ်လုပ် သတိလေးနဲ့လုပ်နော် သား"

"စိတ်ချပါ daddy... သား သတိထားပါ့မယ်"

"အေး အေး...အဆင်ပြေလား လှမ်းမေးတာ...ဒါပဲနော်သား"

"ဟုတ်ကဲ့ပါ daddy...ကျန်းမာရေး ဂရုစိုက်ပါ"

"အေး အေး ငါ့သား"

ဖုန်းချလိုက်ပြီး မည်းမှောင်သွားသော ဖုန်းမျက်နှာပြင်အား မာန် စိုက်ကြည့်နေမိသည်။ မာန့်အသက် ၁၄ နှစ်တွင် daddy က မာန့်အား အမွေစားအမွေခံအဖြစ် တရားဝင် မွေးစားခဲ့သည်။ မွေးစားသားဆိုပေမယ့် သားအရင်းသဖွယ် ပြုစုပျိုးထောင်ပေးခဲ့သော daddy ကို မိဘရင်းများထက် မလျော့သော ချစ်ခြင်းများဖြင့်လည်း မာန်သံယောဇဉ် တွယ်ခဲ့ရသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now