🍁Part 29🍁

917 33 1
                                    

[Unicode]

"မာန် သော်တာ့ကို ဖုန်းဆက်လို့မရဘူး"

အလုပ်စားပွဲတွင် စာရင်းများဖြင့် အလုပ်ရှုပ်နေသောမာန်က အခန်းထဲဝင်ကာပြောလာသော လင်းသာ စကားကြောင့် ခေါင်းထောင်လာသည်။

"ဟင် ဘာလို့လဲ"

"မသိဘူး...သူ ငါ့ဆီ missed call ပေးထားတာအများကြီးပဲ...အခုပြန်ခေါ်တာ ခေါ်လို့မရဘူး... ငါလည်း အလုပ်လုပ်နေတုန်းမို့ ဖုန်းကို သတိမထားမိလိုက်တာ"

'ခဏ ငါ့ဖုန်းနဲ့ ခေါ်ကြည့်မယ်"

မာန် ဖုန်းကိုယူကြည့်တော့ သူ့ဖုန်းလည်း ထိုနည်းလည်းကောင်း ကြိမ်ဖန်များစွာ ခေါ်ထားသော missed call များ။ မာန် သော်တာ့ဆီ ဖုန်းခေါ်လိုက်သော်လည်း စက်ပိတ်ထားသည်နှင့်ပင် တိုးနေသည်။

"ခေါ်လို့မရဘူး... စက်ပိတ်ထားတယ်ပဲပြောနေတယ်...ကျစ်! သော်တာ သော်တာ...မင်းဘာမှ ဖြစ်လို့မရဘူးနော်"

မာန်စိုးရိမ်မှုများစွာဖြင့် ရေရွတ်နေသည်။ လင်းသာမျက်နှာထက်တွင်လည်း စိုးရိမ်ရိပ်များက အထင်းသား။ ထိုစဉ် မာန့်ဖုန်းက အသံပေးလာသည်။ ဆက်လာသူကတော့ မင်းမြတ်။

"Hello ညီ"

"အစ်ကို...အစ်ကို သူငယ်ချင်း ကျွန်တော်တို့ ဆေးရုံမှာ...အဲ့ဒါ အစ်ကို သိရအောင် ကျွန်တော်ပြောတာ... သူနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ ကျွန်တော် မသိတော့"

"အင်း ညီ...အခုလို အကြောင်းကြားပေးတာ ကျေးဇူးပဲ...အစ်ကို အခုလာခဲ့မယ်"

"ဟုတ်ကဲ့ အစ်ကို... ကျွန်တော် ထွက်စောင့်နေမယ်"

"ဒါပဲနော် ညီ"

မာန် ဖုန်းကို ချလိုက်ပြီး လင်းသာကို ကြည့်လိုက်သည်။

"သော်တာ ဆေးရုံမှာတဲ့ လင်းသာ"

"ဘယ်လိုဖြစ်တာလဲ"

"ငါလည်းမသိဘူး လိုက်သွားရအောင်"

နှစ်ယောက်သား ရုံးခန်းထဲမှ မပြေးရုံတမယ် ထွက်သွားကြသည်။

Time Skip,

မာန်နဲ့လင်းသာ ဆေးရုံရောက်တော့ reception တွင်ကြိုစောင့်နေသော မင်းမြတ်က သူတို့နှစ်ယောက်ဆီ လှမ်းလာကာ

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now