🍁Part 39🍁

667 28 10
                                    

[Unicode]

မင်းမြတ်တစ်ယောက် ကောင်းထက်တို့ဆီမှ ထွက်လာပြီးနောက် ဘယ်ကိုသွားရမှန်းမသိဖြစ်နေသည်။ ဒီနေ့ ဆေးရုံ duty ကလည်း ညဘက်မှဝင်ရမည်ဖြစ်တာကြောင့် တစ်နေခင်းလုံး သူအားလို့နေသည်။ အစက မိုးထက်တို့နဲ့အတူ အချိန်ဖြုန်းရန် စဉ်းစားခဲ့သော်လည်း သူတို့နှစ်ယောက်နဲ့အတူရှိလျှင် ကိုယ်က အပိုလူဖြစ်နေသလို ခံစားရသည်ကြောင့် ထိုနှစ်ယောက်အနားမှ ထွက်လာခဲ့ခြင်းဖြစ်သည်။

ခွန်းဆက်ဆီကိုလည်း သွားလို့မဖြစ်ပေ။ မာန့်အနားမှ တစ်ဖဝါးမှ မခွာတဲ့သူက မင်းမြတ်သွားလျှင် အိမ်ပေါက်ဝမှ မနှင်ထုတ်ရင်တောင် ကံကောင်းသည်ဟု ယူဆရပေမည်။ အိမ်ကိုလည်း ပြန်ချင်စိတ်ရှိမနေ။ အိမ်တွင်ရှိနေသော မာတာမိခင်၏ အိမ်ထောင်တရားကိုလည်း မနာနိုင်ပါ။

မင်းမြတ် ဘယ်ကိုသွားရမှန်းမသိပဲ တစ်လမ်းဝင်တစ်လမ်းထွက် ကားပတ်မောင်းနေစဉ် ကားလမ်းဘေးတစ်နေရာရှိ မြက်ခင်းစိမ်းပေါ် ဆောင့်ကြောင့်ထိုင်နေသော လူတစ်ယောက်ကြောင့် မျက်နှာက ပြုံးယောင်သန်းသွားသည်။ ဘာလုပ်နေမှန်းမသိရပဲ ငုတ်တုပ်လေးထိုင်နေသော သော်တာကြောင့် မင်းမြတ်လည်း ကားရပ်လို့ရမည့် နေရာတစ်ခုကို ရှာပြီး ကားရပ်လိုက်ပြီးနောက် နှလုံးသားရှိရာဆီ ခြေလှမ်းကျယ်တို့နှင့် အပြေးသွားတော့သည်။

"သေးသေးလေး...ဘာလုပ်နေတာလဲ"

မင်းမြတ်ခေါ်သံကြောင့် သော်တာက မင်းမြတ်အားမော့ကြည့်လာသည်။ မော့ကြည့်လာသော မျက်နှာလေးက အခါတိုင်းလို သူ့အားရန်ပြန်တွေ့မည့် ပုံစံလေးဟုတ်မနေပဲ မဲ့တဲ့တဲ့လေးဖြစ်နေသည်။ ဒါ့အပြင်ကို မျက်ဝန်းတွင် မျက်ရည်ကြည်များက တွဲလွဲခိုနေသည်။ ထိုပုံစံကို မြင်လိုက်ရသော မင်းမြတ်တစ်ယောက် ရင်ထဲတွင် စိုးရိမ်မှုတို့ လှိုင်းထလာတော့သည်။

သေးသေးလေးက ဘာလို့ဒီမှာ ထိုင်ငိုနေတာလဲ...မဟုတ်မှလွဲရော ပိုက်ဆံအိတ် အလုခံလိုက်ရလို့လား...ဒါဆိုလူကို ထိခိုက်သွားသေးလား.....

မင်းမြတ် စိုးရိမ်စိတ်ကြောင့် ပြာပြာသလဲလဲဖြစ်ကာ သော်တာ့ကို ပခုံးမှ ဆွဲကိုင်ပြီး မတ်တပ်ရပ်စေလိုက်သည်။ ထို့နောက် လူတစ်ကိုယ်လုံးကို ဒဏ်ရာရှိမရှိ အသေးစိတ် စစ်ဆေးတော့သည်။ မျက်နှာလေးကိုကြည့်ပြန်တော့လည်း မျက်ဝန်းတို့်က နီရဲလို့နေသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now