🍁Part 52🍁

293 8 1
                                    

[Unicode]

"နောက်ကြုံလာမယ့် မွေးနေ့တိုင်း ခြောက်ယောက်လုံး အတူတူရှိချင်တယ်"

ပုံမှန်လေသံလေးဖြင့် ခပ်တိုးရေရွတ်လိုက်သော ရွှေစင်။ သူ၏အသံမှာ တိုးတိတ်ညင်သာသော်လည်း အနားရှိလူများကတော့ အတိုင်းသား ကြားလိုက်ရသည်။

ရွှေစင်တစ်ယောက် မျက်လုံးမှိတ်ကာ ဆုတောင်းနေစဉ် အလုပ်ရှုပ်ရသူမှာ မဟာတို့ပင်ဖြစ်သည်။ ရွှေစင့်အရှေ့က birthday cake ကိုဘေးဖယ်လိုက်ကာ မဟာက နေရာဝင်ယူလိုက်ပြီး ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်သည်။ လက်စွပ်ဘူးလေးအားလည်း ဖွင့်ထားကာ ရွှေစင့်အရှေ့ ကမ်းလို့ပေးထားသည်။

ရွှေစင်လည်း ဆုတောင်းပြီး မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသည်က birthday cake မဟုတ်တော့ပဲ သူ့ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ရှိနေသော မဟာ။ လက်ထဲတွင်လည်း လက်စွပ်ဘူးလေးအား ဖွင့်လို့ ကိုင်ထားသေးသည်။ သူ့အား သူငယ်ချင်းများက surprise လုပ်ပေးမည်ကို သိထားသော်လည်း ဒီလောက်ထိတော့ သူ မခန့်မှန်းထားခဲ့ပေ။ ရွှေစင် အံ့ဩမှုကြောင့် ကြောင်အနေစဉ်မှာပင် မဟာ့ဆီက စကားသံထွက်လာသည်။

"မနေ့ညကတည်းက နင့်ကိုပြောဖို့ စကားလုံးတွေ အများကြီး ငါစဉ်းစားထားခဲ့သေးတယ်...ဒါပေမယ့် အခုချိန် ငါ့ခေါင်းထဲမှာ ဘာမှမရှိတော့ဘူး...ရှည်ရှည်ဝေးဝေး စကားတွေနဲ့လည်း ငါဖွဲ့နွဲ့ပြီးမပြောချင်တော့ဘူး...အခုပြောမယ့် စကားလေးကိုပဲ အာရုံစိုက်ပြီးနားထောင်ပေးပါ ရွှေစင်"

"....."

"ငါနင့်ကိုချစ်တယ် ရွှေစင်...မဟုတ်ဘူး ချစ်တယ်ဆိုတာထက် ငါနင့်ကို မြတ်နိုးတာပါ...ငါ့အချစ်ကို လက်ခံပေးမယ်မလားဟင်"

မဟာ့စကားအဆုံး ပတ်ဝန်းကျင်တွင် လေထုက တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ အကုန်လုံး၏ အကြည့်တို့ကလည်း ရွှေစင့်ထံ၌သာ ရှိနေသည်။ မဟာမှာလည်း ချစ်ရသူ၏ နှုတ်ဖျားထက်မှ ထွက်လာမည့် အဆုံးအဖြတ်အဖြေအား မျှော်တလင့်လင့်။ ရွှေစင်၏ အဖြေက သူ့အား ပျော်ရွှင်မှုတို့ ယူဆောင်ပေးနိုင်သလို ၀မ်းနည်းမှုတို့လည်း ဆောင်ယူလာနိုင်သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now