🍁Part 15🍁

1.5K 51 6
                                    

[Unicode]

မာန် ခြံရှေ့သို့ ရောက်တော့ ကားကို ဟွန်းတီးလိုက်သည်။ ဟွန်းသံကြောင့် အန်တီမိုး၏သား ကိုအောင်က တံခါးလာဖွင့်ပေးသည်။ မာန်လည်း ကားကို ခြံထဲသို့ မောင်းဝင်လိုက်ရင်း ဆင်ဝင်အောက်တွင် ကားကိုရပ်ကာ အိမ်ထဲသို့ဝင်လာခဲ့သည်။ ခြေလှမ်းတစ်လှမ်း လှမ်းရသည်ကိုပင် ခြေထောက်များက မရွေ့ချင်ဖြစ်နေသည်။ အိမ်ရှေ့တွင် သန့်ရှင်းရေးလုပ်နေသော အန်တီမိုးက မာန့်အားကြည့်လာသည်။

"သားပြန်လာပြီလား"

"ဟုတ်"

အန်တီမိုး၏အမေးကို ထိုမျှသာ ပြန်ဖြေပြီး မာန်သူ့အခန်းရှိရာဆီ တက်လာခဲ့သည်။ အခန်းထဲရောက်တော့ ကုတင်ပေါ်တွင် တစ်ကိုယ်လုံးပစ်လှဲလိုက်တော့သည်။ မာန် ကိုယ်ရော စိတ်ပါ ပင်ပန်းနေပြီ ဖြစ်သည်။

အစားစာများ ၀ယ်ပြီးပြန်လာစဉ် ခွန်းဆက် သူ့သူငယ်ချင်းများအားပြောပြနေသော အကြောင်းကို အမှတ်မထင်ကြားလိုက်ရသည်။  ခွန်းဆက် ပြောသောစကားများထဲမှ အလင်းဆည်းဆာ ဟူသော အမည်နာမ တစ်ခုကြောင့် မာန်တစ်ကိုယ်လုံး အေးစက်သွားခဲ့သည်။ ခွန်းဆက် ပြောပြသော အကြောင်းအရာများ ဆုံးသွားချိန်တွင် မာန် လဲကျမသွားအောင် အတော်လေးကြိုးစားခဲ့ရသည်။

ကိုယ့်ကိုကိုယ် ပြန်ထိန်းကာ အခန်းထဲသို့ဝင်သွားသော်လည်း ခွန်းဆက်တို့ရှေ့တွင် စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားခဲ့ရသည်။  မာန်  မျက်နှာကြက်ကိုကြည့်နေသော မျက်ဝန်းပြာလေးများကို ပိတ်ချလိုက်တော့သည်။

"ခွန်းဆက်...မင်းက အလင်းဆည်းဆာကို ဘာကြောင့်သိနေရတာလဲ... မင်းရဲ့နှုတ်က အလင်းဆည်းဆာလို့ ဘာလို့ထွက်လာရတာလဲ... ဘာကြောင့် အလင်းဆည်းဆာကို မင်းရှာနေခဲ့တာလဲ... ဘာလို့လဲ...ရူးတော့မှာပဲကွာ..... "

မာန် ခေါင်းအုံးကို တစ်ဖုန်းဖုန်းထုကာ အော်ဟစ်နေမိသည်။ ရင်ထဲတင်းကျပ်နေ၍ မျက်ရည်များပင် ထွက်မလာတော့ချေ။ မာန် စိတ်ကိုတင်းကာ ဆုံးဖြတ်ချက်တစ်ခုကို တည်ငြိမ်စွာ ချမှတ်လိုက်သည်။

"ဟုတ်တယ်...အလင်းဆည်းဆာက သေပြီ... အလင်းဆည်းဆာဆိုတာ ဒီကမ္ဘာမှာမရှိတော့ဘူး... သူက လွန်ခဲ့တဲ့ ဆယ်နှစ်ထဲက သေသွားပြီ... အခု အလင်္ကာမုန်းမာန် ပဲရှိတယ်... ဦးခွန်းမြတ်မဟာရဲ့ မိသားစုကို ဖျက်ဆီးပေးမယ့် မာန်ဆိုတဲ့ ငါပဲရှိတယ်...ဟားဟား"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now