🍁Part 54🍁

257 8 2
                                    

[Unicode]

၃နှစ်ခန့်ကြာပြီးနောက်။

"တီသွန်းရေ...တီသွန်း...တီတီသွန်းရေ"

"အင်း...လာပြီ သားရေ"

မပီပလာပီကာနှင့် အိမ်ရှေ့မှ တစ်ဆာဆာ လှမ်းခေါ်နေသော တူတော်မောင်ကြောင့် အသံပြန်ပြုရင်း ရွှေစင်လုပ်လက်စ အလုပ်များကိုရပ်ကာ အိမ်ရှေ့သို့ပြေးရသည်။ ကိုယ်တော်ချောလေးက သူခေါ်တာကို ချက်ချင်းမထွက်လာလျှင် ရစ်နည်းပေါင်းစုံသုံးကာ စိတ်ကောက်တော့မည်ဖြစ်သည်။ အသက် ၃နှစ်သာ ရှိသေးသော်လည်း ထိုကလေးက လူလည်လေးဖြစ်သည်။ ဦးဦးတွေတီတီတွေရဲ့ အချစ်တော်လေးဖြစ်ကာ အလိုလိုက်ခံလူတန်းစားလေးဖြစ်တာကြောင့် နေရာတကာ သူ့စိတ်တိုင်းကျသာ ဖြစ်ချင်သည်။ သူ့အလိုတိုင်း တစ်ခုခုမလုပ်ပေးလိုက်ပါလျှင် ထိုတစ်နေ့လုံး စိတ်ဆိုးစိတ်ကောက်ကာ ဘာမှမစားပဲ ဆန္ဒပြတော့သည်။ ထိုသို့ဖြစ်ချိန်တိုင်း အလင်္ကာက ဆူပူပြီးပစ်ထားတတ်သော်လည်း မနေနိုင်သော ဖေဖေနဲ့ ဦးဦးတီတီတို့မှာတော့ ကလေးစိတ်တိုင်းကျဖြစ်စေသည်။ ထို့ကြောင့် အလင်းလေးက ဆိုးမြဲဆိုးဆဲဖြစ်ကာ ဗိုလ်ကျနေတော့သည်။

အလင်္ကာကတော့ ပြောပါသည်။ ကလေးကို အရမ်းမလိုလိုက်နဲ့ဆိုပြီး။သို့ပေမယ့် ရွှေစင်တို့ကတော့ လက်မခံပေ။ ကလေးက ကြီးလာရင် လိမ္မာသွားမည်ဟုဆိုကာ အလိုလိုက်မြဲဖြစ်တာကြောင့် အလင်္ကာဆက်မပြောတော့ပဲ လက်သာမြှောက်ထားလိုက်တော့သည်။ ထိုအတွက်ကြောင့်လည်း အလင်းလေးက မိခင်ဖြစ်သူ အလင်္ကာထက် ရွှေစင့်အား ပို၍တွယ်ကပ်သည်။

ရွှေစင် အိမ်ရှေ့ရောက်တော့ ကစားစရာများကြားတွင်ရှိနေသော ဖြူဖြူလုံးလုံးလေးကိုကြည့်ကာ အသည်းယားသွားရသည်။ သူရောက်လာသည်ကို သိ၍ထင် ရွှေစင့်ဘက်လှည့်ကာ ပါးနှစ်ဖက်လေးဖောင်းကားအောင် တခစ်ခစ်ရယ်ပြနေသော အလင်္ကာပေါက်စလေး။အလင်းက ကြီးလာလေလေ အလင်္ကာနဲ့ တစ်ပုံစံတည်း ဖြစ်လာလေပင်။ အခုခ်ျိန်ထိ သူ့အဖေနဲ့တူတာ အနည်းငယ်မျှပင် ရှာ၍မတွေ့။ မျက်လုံးမျက်ခုံး၊ ဆံပင်ကအစ  အသားအရည်ပါမကျန် အလင်္ကာနဲ့သာ တူနေသည်။

ထိုပုံစံကြောင့် မဟာတို့က မျိုးမာန်ကို စကြသေးသည်။ 'ကလေးကိုအလင်္ကာတစ်ယောက်တည်း လေဥဥပြီးမွေးတာလား'  ဟူ၍။ ထိုသို့စချိန်တိုင်း မျိုးမာန်က 'ငါ့ အသည်းကိုချစ်လွန်းလို့ အသည်းလေးနဲ့ တစ်ပုံစံတည်းတူအောင် ပန်းပုထုထားတာကွ' ဆိုပြီး ပြန်ဖြေလေသည်။ ထိုအချိန်တိုင်း ရွှေစင်တို့ကို အူတက်အောင် ရယ်ကြသော်လည်း အလင်္ကာကတော့ ရှက်သွေးဖြာလို့နေသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now