🍁Part 36🍁

687 39 1
                                    

[Unicode]

မာယာ K group ၏ ရုံးချုပ်သို့ ရောက်ရှိနေသည်။ ကုမ္ပဏ်ီထဲ ၀င်လာသည့် သူ့ပုံစံက မည်သူ့ကိုမှ ရှိသည်ဟု မထင်။ အနက်ရောင် ဂါဝန်တိုလေးက သူ၏ အချိုးအဆစ်ကျသော ခန္ဓာကိုယ်လေးနှင့် လိုက်ဖက်စွာ။ ဆံပင်များကို pony tail စီးထားသည်ကြောင့် မျက်နှာလှလှလေးက ရှင်းလင်းနေသည်။ ယောက်ကျားပျိုမျေား လှည့်မကြည့်ပဲ မနေနိုင်အောင် လှသည့်အလှမျိုးပင် ဖြစ်သည် မာယာ reception ရှေ့တွင် ရပ်လိုက်ကာ

"မင်းတို့ မန်နေဂျာချုပ် ခွန်းဆက်ရောင်နီ ရှိလား"

"မန်နေဂျာချုပ်က အခုအစည်းအဝေးမှာပါရှင့်"

"အိုကေလေ... တို့သူ့အခန်းထဲမှာစောင့်လိုက်မယ်...တို့ကို လမ်းပြပေး"

"ဟို အဲ့လိုက မရ... "

"ဒီမယ် မိန်းကလေး တို့က သူ့ဇနီး ဖြစ်လာမယ့်သူပဲ"

"ရှင်... မန်နေဂျာချုပ်မှာ တရားဝင် ယူထားတဲ့သူရှိတယ် မဟုတ်လား"

"ကျစ်...စကားရှည်လိုက်တာ"

"မာယာ"

အနောက်ဘက်မှ ခေါ်သံထွက်လာသည်မို့ မာယာလှည့်ကြည့်မိလိုက်တော့ သူလာရှာသော ခွန်းဆက်။ မာယာလည်း ပြေးဖက်လိုက်ပြီး

"ကိုကို မာယာက ကိုကို့ကို လာခေါ်တာကို...သူက မာယာ့ကို ပေးမ၀င်ဘူး ဟင့်"

အမူပိုကာ ချွဲချွဲနွဲ့နွဲ့လေသံဖြင့် ပြောတော့ ခွန်းဆက်က ထိုကောင်မလေးအား တစ်ချက်ကြည့်ကာ

"မာယာ သူက သူ့အလုပ်သူလုပ်တာလေ... ဒါနဲ့ နင်က ဘာလာလုပ်တာလဲ"

"ကိုကို ကို လာခေါ်တာ...အခုအလုပ်ဆင်းတော့မှာမလား"

"မလိုက်ဘူး ငါအိမ်ပြန်မှာ"

"မရဘူး ကိုကို လိုက်ခဲ့"

ခွန်းဆက်လည်း မာယာ ဆွဲခေါ်ရာနောက်သို့ ပါသွားခဲ့သည်။ မာယာ ခွန်းဆက်ကိုခေါ်ကာ ပန်းခြံတစ်နေရာသို့ရောက်လာသည်။ မျက်နှာမသာမယာနဲ့ သူဆွဲရာ လိုက်ပါလာသော ခွန်းဆက်ကိုကြည့်ရင်း မာယာပြုံးမိသည်။

ငါ ကတော့ ကိုကို့ ကို ဆွဲထားပြီးပြီ... အခု နင်လုပ်ဖို့ပဲ ကျန်တော့တယ် ပိုင်စိုးဟန်.....

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now