🍁Part 9🍁

1.7K 56 1
                                    

[Unicode]

နေရောင်ပျပျလေးသည် မှန်ပြတင်းပေါက်မှ တစ်ဆင့် မာန့်မျက်နှာပေါ်သို့ ဖြာကျလာသည်။ ခဏအကြာ မိုးပြာရောင်မျက်လုံးလေးများက ပွင့်လာကာ လက်နှစ်ဖက်ဖြင့် ထိုမျက်လုံးလေးများအား ပွတ်သတ်လာသည်။ မာန်နိုးလာတော့ တစ်ကိုယ်လုံး လေးလံနေသလိုခံစားရသည်။မလှုပ်ချင်ဖြစ်နေသော ခန္ဓာကိုယ်အား အတင်းအားယူကာထပြီး မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ၀င်လိုက်သည်။

‌ခြေတစ်လှမ်းလှမ်းသည်ကိုပင် အတော်လေးအားယူနေရသည်။ ရေချိုးခန်းထဲက မှန်ပေါ်တွင် ပေါ်နေသော ပုံရိပ်အား မာန်ကြည့်နေသည်။ မနေ့ကနဲ့မတူ အ၀တ်အစားများက ကွဲပြားနေသည်။ မနေ့ကဖြစ်ခဲ့သော အကြောင်းအရာများက အတွေးထဲပေါ်လွင်လို့လာသည်။ မိုးရေထဲတွင် ငိုနေစဉ် ခွန်းဆက်ရောက်လာ၍ သူ့ကိုယ်အားဖက်ထားပေးခဲ့သည်။ ခွန်းဆက်ရင်ထဲမှာပင် မာန်သတိလစ်သွားခဲ့သည်အထိ တစ်ခုချင်းပြတ်သားစွာ မှတ်မိနေခဲ့သည်။

မာန်လည်း ထွေထွေထူးထူးစဉ်းစား မနေတော့ပဲ မျက်နှာသစ်သွားတိုက်သည်များကို လုပ်ပြီးနောက် အောက်ထပ်သို့ဆင်းလာခဲ့သည်။ အောက်သို့ရောက်တော့ မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေသော ခွန်းဆက်ကို တွေ့ရသည်ကြောင့် မာန်လည်း မီးဖိုခန်းထဲသို့ ၀င်လာခဲ့တော့သည်။

"မင်း ဘာလုပ်နေတာလဲ"

ခွန်းဆက်က မာန့် အသံကြားသောကြောင့် လှည့်ကြည့်လာသည်။

"နိုးပြီလား...နေရတာရော ဘယ်လိုလဲ...ကိုယ်လက်‌တွေ ကိုက်ခဲနေလား...ကျွန်တော် မင်းမြတ်ကို ဖုန်းဆက်ခေါ်လိုက်ရမလား"

"ရတယ် ရတယ်...အဆင်ပြေတယ်"

မာန့် ခွန်းဆက်အား ပြောပြီး စားပွဲခုံတွင်ဝင်ထိုင်ကာ ခွန်းဆက်လုပ်သည်များကို လိုက်ကြည့်နေသည်။

"မင်း ဘာလုပ်နေတာလဲ"

"ခေါက်ဆွဲပြုတ်နေတာလေ"

"ဟင် ဒီမှာ ခေါက်ဆွဲထုပ်မှ မရှိတာ...မင်းဘယ်ကရတာလဲ"

"ဘယ်ကရ ရမှာလဲ...သွားဝယ်လာတာပေါ့ဗျာ"

"ဪ"

"ဪမနေနဲ့...ရော့ စားလို့ရပြ်ီ"

"ငါ့အတွက်ပါ ပါတာလား"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now