🍁Part 47🍁

487 19 6
                                    

[Unicode]

"ဒီကလေးတွေ ကျောင်းမတက်ပဲ ဒီမှာလာထိုင်နေတာပေါ့လေ...တွေ့မယ် ငါနဲ့"

"မေမေ! "

"အေး! ငါညည်းအမေ... လာစမ်း! ဒီကို"

"ဟင့်အင်း မလာဘူး"

အလင်္ကာ သူ့မိခင်အား ခေါင်းခါပြကာ ပြောလိုက်သည်။ မဟာက အလင်္ကာ့ လက်ကောက်ဝတ်တစ်ဖက်ကို လှမ်းဆွဲလိုက်ပြီး

"ပြေးကြဟေ့...နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပဲ"

မဟာ၏ ဆော်ဪသံအဆုံး ထွက်ပြေးသွားကြသည်မှာ အစအနတောင် မတွေ့ရတော့ချေ။

"ဟေ့ကလေးတွေ အခုရပ်စမ်း! "

အလင်္ကာ၏ မိခင်တစ်ယောက်သာ အော်ရင်း ကျန်ခဲ့တော့သည်။ ရပ်ကွက်အတွင်း ၀ရုန်းသုန်းကား ပြေးလွှားနေကြသော အုပ်စုကိုကြည့်ကာ လူကြီးများက ခေါင်းတခါခါဖြင့်။ထိုမြင်ကွင်းက သူတို့အတွက် မထူးဆန်းတော့ပေ။ အမြဲတစ်ခုမဟုတ်တစ်ခုကြောင့် ထိုအုပ်စု ရပ်ကွက်အတွင်း ပတ်ပြေးနေကြသည်မှာ ခဏခဏ။

"ဟေ့ကလေးတွေ ကျောင်းမတက်ဘူးလား...ဘာလို့ပြေးနေကြတာလဲ...နေပူကြီးထဲ"

အိမ်တစ်အိမ်မှလှမ်းမေးလိုက်သောအသံ။ သူတို့အားလှမ်းမေးလိုက်သော အသံကြောင့် ခြောက်ယောက်လုံး ထိုအိမ်ဘက်ကိုကြည့်ကာ သံပြိုင်ဖြေလိုက်ကြသည်။

"မကောင်းဆိုးဝါး လိုက်လာလို့ပါ အန်တီမြင့်ရေ" x 6

"ဟောတော့ ဘယ်က မကောင်းဆိုးဝါးတုန်း"

သူမအမေးစကားကို ပြန်ဖြေကြားမည့်သူမရှိတော့။ ထိုကလေးများက ပြေးသွားသည်မှာ အရိပ်သေးသေးလေးတွေအဖြစ်သာမြင်ရတော့သည်။

နေပူကြီးထဲ အပူတွေရှပ်တော့မှာပဲ ဒီကလေးတွေနှယ်.....

အန်တီမြင့်ဆိုသူက သူ့အနားတွင်ထိုင်နေသော အစ်မဖြစ်သူ မအေးကိုကြည့်ကာ မေးလိုက်သည်။

"ဒီကလေးတွေ ဘာတွေမွှေခဲ့ပြန်ပြီလဲမသိဘူး မမရေ"

မအေးကလည်း ပါးစပ်အပြည့်ထည့်ထားသောကွမ်းကို ပါးစောင်တစ်ဖက်တွင် ငုံထားလိုက်ပြီး သူ့ညီမဘက်ကိုကြည့်ကာ

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now