🍁Part 7🍁

1.8K 58 8
                                    

[Unicode]

"သွားပြီ...ငါရူးသွားပြီ...ဟိုကြောင် သားအဖကြောင့် ငါသွပ်သွပ်ခါ အောင် ရူးသွားပြီ"

ခွန်းဆက် ကား steering wheel ပေါ်ခေါင်းကို မှောက်ချလိုက်ပြီး တစ်ယောက်တည်း ရေရွတ်နေသည်။ ဖုန်းကိုယူကာ မိုးထက်ဆီ ဖုန်း‌ခေါ်သော်လည်း ကိုင်သူမရှိ။ သုံးလေးခါလောက်ခေါ်သော်လည်း နောက်ဆုံး လူကြ်ီးမင်းနှင့်သာ တိုးသည်။ တစ်ဖန် မင်းမြတ်ဆီ ဖုန်းခေါ်သော်လည်း ဖုန်းဝင်ပြီး အတော်ကြာမှ ကိုင်လာသည်။

"Hello"

"မင်းတို့ ကောင်တွေ ဘာလုပ်နေတာလဲ...ဟိုကောင် မိုးထက်လည်း ဖုန်းမကိုင်ဘူး"

"ငါတို့ကို မင်းလို အားယားနေတယ်များ ထင်နေလား... duty ချိန်ကြီးကွ...မိုးထက်ကလည်း ခွဲခန်းထဲမှာ"

"အေးပါကွာ...ဒါနဲ့ မင်းတို့ duty ဘယ်ချိန်ပြီးမှာလဲ"

"မပြီးသေးဘူးကွာ...ဒီနေ့ night duty ပါရှိတယ်"

"ဟိုကောင်ရော"

"သူလည်း အတူတူပဲ...မင်းကဘာကိစ္စရှိလို့လဲ"

"ဒီလိုပါပဲကွာ ငါပြင်းလို့"

"အေး မင်းကပြင်းနေရင်တောင် ငါတို့ပြင်းဖို့ အချိန်မရှိဘူး...ဒါပဲကွာ ငါ duty ချိန်ကြီး ဖြစ်နေလို့"

"ခဏ နေ...နေ..."

ခွန်းဆက် စကားတောင် မဆုံးသေး မင်းမြတ်က ဖုန်းချသွားသည်။ မှောင်မည်းသွားသော ဖုန်းမျက်နှာပြင်အား ကြည့်ကာ ခွန်းဆက် မင်းမြတ်အား မေတ္တာပို့မိတော့သည်။

"ခွေးကောင်တွေ...စကားတောင် ဆုံးအောင် ပြောခွင့်မပေးဘူး...မိန်းမ မရပဲ ယောက်ကျားရပြီး ဘ၀ အဆက်ဆက် b ထိုင်ရပါစေ...ဆရာဝန်အစုတ်ပလုတ်ကောင်တွေ"

ခွန်းဆက် စိတ်တိုတိုနဲ့ ရေရွတ်ပြီး ကောင်းထက်အားဖုန်းခေါ်လိုက်တော့သည်။ဖုန်းဝင်တာနဲ့ ချက်ချင်းကိုင်ကာ ဖုန်း‌ဖြေသံကြားလိုက်ရသည်ကြောင့် ခွန်းဆက် ဟိုနှစ်ယောက်အား ပို၍ဆဲမိတော့သည်။

ငါ့မှာ မင်းပဲရှိတယ် ကောင်းထက်.....

"Hello "

"ဟင့်...ကောင်းထက်"

ငိုသံပါသော အသံဖြင့်ခေါ်လိုက်တော့ ကောင်းထက်၏ စိုးရိမ်သံက ထွက်ပေါ်လာသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now