🍁Part 45🍁

668 30 4
                                    

[Unicode]

"ဒီက အစ်ကိုလေး...ဆိုင်ပိတ်တော့ပါမယ်ခင်ဗျ"

Waiter လေး၏ စကားကို ခွန်းဆက် ခေါင်းညိတ်ပြလိုက်သည်။ ဒီဆိုင်ထဲတွင် သူထိုင်နေသည်မှာ အတော်ပင်ကြာနေပြီဖြစ်သည်။ ခြေထောက်တွေ ထုံကျင်လာသည်အထိ ဖြစ်နေသော်လည်း တစ်နေရာကိုမှ မရွေ့ချင်။ သူ့ဦးနှောက်ထဲ အခုဏက အစ်ကိုနှစ်ယောက် ပြောသွားသော အကြောင်းအရာများကသာ ပြည့်နှက်လို့နေသည်။ ဘာမှကိုထပ်စဉ်းစားလို့မရတော့သည်အထိ ဦးနှောက်တစ်ခုလုံးက ပူထူလို့နေသည်။ ရင်ဘက်တစ်နေရာက နာကျင်မှုတို့ကလည်း လျော့မသွားပဲ ပိုပြီးတော့သာ တိုးလို့လာသည်။ ခွန်းဆက် ထုံကျင်နေသော ခြေထောက်တို့ကို အားတင်းကာရွေ့လိုက်ရင်း ကားပါကင်ဆီသို့သွားကာ ကားထဲဝင်ထိုင်လိုက်တော့သည်။

ကားထဲတွင်ထိုင်နေရင်း အကြောင်းအရင်းမရှိ  steering wheel ကို ငေးစိုက်ကြည့်နေသည်။မျက်ဝန်းနက်တို့ကတော့ နာကျင်မှုကြောင့် ရဲပတောင်းခက်နေသည်။ ခွန်းဆက် ရင်တစ်ခုလုံး လေးလံလို့နေသည်။ အစက မာန့်အား ဆွဲထားခြင်းကို မှန်သည်ဟုသာ သဘောထားခဲ့သော်လည်း ယခုတွင်တော့ အပြစ်ရှိစိတ်တို့ ၀င်လာကာ ဆွဲထားဖို့ လက်တွန့်လာခဲ့သည်။

မျက်ဝန်းများကို မှိတ်ချလိုက်ရင်း steering wheel ပေါ် ခေါင်းမှောက်ချလိုက်တော့ မြင်ကွင်းထဲပေါ်လာသည်က မိုးရေထဲတွင် တုန်လှုပ်စွာ ငိုကြွေးနေသော မာန်။ တစ်ဖန် မိုးကြိုးပစ်ချသံကြောင့် ကြောက်လန့်တကြား သူ့ရင်ခွင်ထဲတိုးဝင်လာခဲ့သော မာန့်ပုံရိပ်တို့က အစီအစဉ်တကျ မြင်ယောင်လို့လာသည်။ အစက ထင်ခဲ့သည်မှာ မိုးရွာခြင်းကို ကြောက်ရွံ့ခြင်းသည် သာမန်မျှသာ ဟူ၍။ ယခုတွင်တော့ သူမိသားစုကြောင့် ရခဲ့သည့် စိတ်ဒဏ်ရာ ဖြစ်နေခဲ့သည်တဲ့လား။ ဘယ်လိုစိတ်မျိုးနဲ့များ မာန့်လက်ကို ဆက်ဆွဲထားရမည်နည်း။သို့ပေမယ့် လက်လွှတ်ပေးဖို့ကိုလည်း သူမစွမ်းသာ။

မှိတ်ထားသော မျက်ဝန်းနက်ကလေးများမှ ရေစက်ကလေးများက တလိမ့်ချင်း steering wheel မှတစ်ဆင့် ကားကြမ်းပြင်သို့ သက်ဆင်းကုန်ကြသည်။ ခဏအကြာ ခေါင်းမှောက်ထားသူ၏ ပခုံးများက တုန်ရီလာကြတော့သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now