🍁Part 14🍁

1.4K 59 12
                                    

[Unicode]

ခွန်းဆက် တစ်ယောက် အလွန်မှောင်မိုက်သော နေရာသို့ရောက်ရှိနေသည်။ ဘယ်နေရာပဲကြည့်ကြည့် အလင်းရောင် တစ်စက်ကလေးမှပင် မရှိပဲ မှောင်မိုက်နေသည်။

"ငါ ဘယ်ကိုရောက်နေတာလည်း"

တစ်ယောက်တည်းရေရွတ်ရင်း လမ်းလျှောက်ကြည့်ဖို့လုပ်တော့ ထူးဆန်းစွာပင် ခြေထောက်များက လှုပ်၍မရ။ ခွန်းဆက် တုန်လှုပ်လာမိသည်။ ခြေထောက်များကို အားကုန်သုံးကာ လှုပ်ရှားသော်လည်း နည်းနည်းမှပင် မလှုပ်။ ထိုအချိန် ထောင့်တစ်နေရာက အလင်းတန်းလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ခွန်းဆက် အလင်းတန်းလေးထွက်ပေါ်ရာ နေရာအားကြည့်လိုက်တော့ မျက်ဝန်းပြာလေးတစ်စုံက သူ့အားစိုက်ကြည့်နေသည် ကိုတွေ့လိုက်ရသည်။ ခွန်းဆက်လည်း ရုတ်တရက်မို့ ထိုမျက်ဝန်းပြာလေးအား အကြောင်သား စိုက်ကြည့်နေမိသည်။ ထိုစဉ် အတွေးထဲရောက်လာသော အမည်နာမလေးတစ်ခု။

"အလင်းဆည်းဆာ"

နှုတ်မှ ရေရွတ်လိုက်မိသည်။

"အလင်း မင်းလား... ငါ မင်းကို လိုက်ရှာနေခဲ့တာ ကိုကို"

ခွန်းဆက် ထိုမျက်ဝန်းပြာလေးကို ကြည့်နေစဉ်မှာပင် ပုံစံလေးက တဖြည်းဖြည်းပြောင်းလည်းသွားကာ မာန်မျက်နှာကို တွေ့လိုက်ရတော့သည်။

"မာန်... ခင်ဗျားလား... အလင်းမဟုတ်ပဲ ခင်ဗျားလား"

ခွန်းဆက် မေးနေတုန်းမှာပဲ ထိုလူသားလေးသည် သူ့အားအပြုံးလေးတစ်ပွင့်ကို စွန့်ကြဲပြီး ကျောခိုင်းကာထွက်သွားလေသည်။

"မသွားပါနဲ့!! "

ခွန်းဆက် အော်ကာတားသော်လည်း နားမကြားသူတစ်ယောက်လို လှည့်ပင်မကြည့်ပဲ ရှေ့သို့သာ ဆက်လျှောက်သွားသည်။ ခွန်းဆက် အနောက်ကလိုက်ရန်ပြင်သော်လည်း ကံဆိုးစွာပင် ခြေထောက်များက လှုပ်မရ။

"အလင်း မသွားပါနဲ့... နောက်တစ်ခါထပ်ပြီး မထားခဲ့ပါနဲ့"

ခွန်းဆက်မည်မျှပင် တားသော်လည်း ထိုလူသားလေးသည် ရှေ့သို့သာ ဆက်လျှောက်သွားနေသည်။ ခွန်းဆက် အားကုန်သုံးကာ အော်ဟစ်လိုက်တော့သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now