🍁Part 44🍁

630 34 7
                                    

[Unicode]

At Sky Restaurant,

"အစ်ကိုသော်တာ အစ်ကိုလင်းသာ...ကျွန်တော် တောင်းဆိုပါတယ်...မာန်နဲ့ပတ်သက်ပြီး ကျွန်တော့်ကို ပြောပြပေးနိုင်မလား.. "

ခွန်းဆက် သူ့ရှေ့မှာ ထိုင်နေသော နှစ်ယောက်ကိုကြည့်ကာ လေးနက်စွာ စကားဆိုမိသည်။ မာန်၏ စိတ်ဖိစီးမှုတွေကို သူသိရမှ ဖြစ်မည်။ ဒါမှ မာန့်အား စိတ်ဖိစီးမှုတွေကနေ ကင်းအောင် သူလုပ်ပေးနိုင်မည်လေ။ အခုလိုမျိုး အားအင်မရှိတော့သလိုမျိုး နာကျင်နေသည့် မာန့်ပုံစံကို သူထပ်ပြီး မမြင်နိုင်တော့ပေ။

ခွန်းဆက် စကားကြောင့် သော်တာနဲ့လင်းသာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ခွန်းဆက်၏ မျက်နှာတွင်လည်း လေးနက်မှုနဲ့အတူ မာန့်အား စိုးရိမ်မှုအရိပ်အယောင်တို့ကို သော်တာတို့မြင်နေရသည်။

မနက်က မာန့်ကိုဆေးရုံမှာ သွားတွေ့ခဲ့ပြီး ခွန်းဆက်က စကားပြောချင်သည်ဟု ဆိုကာ ညနေဘက်တွင် တွေ့ခွင့်တောင်းလာခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး ဤနေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။ သော်တာတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ငြိမ်နေစဉ် ခွန်းဆက်အသံတစ်ဖန် ထွက်ပေါ်လို့လာသည်။

"ဆရာဝန် ပြောတာတော့ မာန့်မှာ စိတ်ဖိစီးမှုတွေ ရှိနေတယ်တဲ့...အလုပ်ကိစ္စနဲ့တော့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်သိတယ်...ဒါကြောင့် အစ်ကိုတို့က ကျွန်တော့်ကိုပြောပြပေးပါ...မာန်က ဘာအတွက်ကြောင့် စိတ်ပင်ပန်းနေရလဲဆိုတာ"

"ညီက ဘာလို့သိချင်ရတာလဲ"

လင်းသာကမေးတော့ ခွန်းဆက် လင်းသာ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး

"သူ့ကို စိတ်ဖိစီးမှုတွေက ဝေးအောင် ကျွန်တော်ထားချင်တယ်... အခုလို သူ့ကိုမြင်ရတာ ကျွန်တော် မကြည့်ရက်ဘူး...အမြဲပျော်စေချင်တယ်"

"ဘာလို့လဲ"

"ဗျာ"

"ဘာလို့ သူ့ကိုပျော်စေချင်တာလဲ"

ထိုအမေးစကားသည် သော်တာထံမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ သော်တာ မေးလာသည့် မေးခွန်းအတွက် ခွန်းဆက်တွင် အဖြေမရှိပေ။ မာန့်အား ဘာလို့ပျော်စေချင်တာဆိုရင် ဒီတိုင်း မာန်ဝမ်းနည်းတာ ငိုနေတာတွေကို မကြည့်နိုင်လို့ဟုပင် ဖြေရမည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now