🍁 Part 5🍁

2.2K 73 3
                                    

[Unicode]

Ringing.....

ခွန်းဆက် ဖုန်းလာနေသောကြောင့် မျက်ရည်များကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း ဖိသုတ်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။

"Hello မွေးသဖခင်ကျေးဇူးရှင်ကြီး ဦးခွန်းမြတ်မဟာ ကျန်းခန်းသာလို့မာပါစ"

"အေး...ခွေးကောင်လေး မင်းdaddy အလတ်ကြီးရှိသေးတယ်"

"ပြော ဘာကိစ္စ ဖုန်းဆက်တာလဲ"

"ဖအေကို ဘယ်လိုပုံစံနဲ့ လာပြောနေတာလဲ"

"Daddy ရာ ပြောစရာရှိတာ မြန်မြန်ပြောဗျာ"

"အေး မင်းတို့ ဘာလုပ်နေကြလဲ"

"မနေ့ကမှ မင်္ဂလာဆောင်ထားတဲ့စုံတွဲကို ဒီမေးခွန်းမမေးသင့်ဘူးထင်တယ် daddy "

"ဟေ့ကောင် ငါ စကားအကောင်းပြောနေတာ ပြောင်ချော်ချော် လုပ်မနေနဲ့"

"ဟုတ်ကဲ့ ဖေကြီး...သားတို့ အိပ်နေတာပါ ဖေကြီး"

"ဘာကွ...ခုထိအိပ်နေတာလား...ဘယ်အချိန်ရှိပြီလဲ"

"ဟ ဦးခွန်းမြတ်မဟာ...မနေ့ညက ကျွန်တော်တို့ မင်္ဂလာဦးညလေ...ညကမအိပ်ရလို့ ခုမှ အိပ်နေတာ...ပြီးတော့"

"ပြီးတော့ ဘာဖြစ်လဲ"

"အဟမ်း daddy သမက်လည်း ထနိုင်မှာမဟုတ်ဘူး"

"ဟေ့ကောင် ပေါက်ကရတွေ ပြောမနေနဲ့...အလင်္ကာကို ခေါ်ပြီး အိမ်ကိုလာခဲ့"

"မလာဘူး"

"ဘာကွ"

"Daddy သမက်ကိုတွေ့ချင်ရင် daddy ဘာသာ daddy လာခေါ်...သား လာမပို့ပေးနိုင်ဘူး"

"မင်းလာမှာလား မလာဘူးလား"

"အမွေတွေအကုန် လွှဲပေးရင် လာခဲ့မယ်"

"မင်းအဖေငါ အကောင်းကြီးရှိသေးတယ်...မင်းကိုလွှဲပေးဖို့က မင်းလိမ်မာလား မလိမ်မာလား စောင့်ကြည့်ရအုံးမယ်"

"ဟုတ်ကဲ့"

"ဟုတ်ကဲ့မနေနဲ့...၁၀နာရီ မထိုးခင် အရောက်လာ"

"မလာဘူး... daddy ဘာသာ daddy သမက်ကို ဖုန်းဆက်ပြီး ခေါ်လိုက်"

"ခွန်းဆက်ရောင်နီ...ငါစကားအများကြီး မပြောချင်ဘူး...လာဆိုလာလိုက် ဒါပဲ"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Donde viven las historias. Descúbrelo ahora