🍁Part 18🍁

1.4K 51 8
                                    

[Unicode]

မာန် ၅နာရီထိုးနေပြီ ဖြစ်တာကြောင့် အလုပ်များကို လက်စသတ်ပြီး အိမ်ပြန်လာခဲ့တော့သည်။ ရေမိုးချိုး အ၀တ်အစားများလဲကာ လိုအပ်သည်များကို ယူပြီး ဆေးရုံဆီသို့ ထွက်လာခဲ့တော့သည်။ ဆေးရုံဝန်းက ကား parking တွင် ကားကိုရပ်လိုက်ပြီး ကားပေါ်မှ ဆင်းလိုက်ချိန် မင်းမြတ်ကို တွေ့လိုက်ရသည်။

"အစ်ကို လာပြီလား"

"အင်း...ညီက ပြန်တော့မလို့လား"

"မဟုတ်ဘူး အစ်ကို...လူနာသွားကြည့်မလို့"

"အော်"

"ကျွန်တော် သွားပြီနော် အစ်ကို"

ပြောပြီး မာန့်ကားဘေးက ကားပေါ်တက်ကာ မောင်းထွက်သွားတော့သည်။ မာန်လည်း ခွန်းဆက်ရှိရာ အခန်းဆီသို့လျှောက်လာခဲ့တော့သည်။ အခန်းထဲရောက်တော့ ကုတင်ပေါ်တွင် ဆူပုတ်နေသော မျက်နှာဖြင့် ထိုင်နေသော ခွန်းဆက်ကြောင့် မာန် ရယ်မိသွားသည်။ ခွန်းဆက်ကလည်း မာန့်ကို မျက်လုံးလှန်ကြည့်လာကာ ဆူပုတ်ပုတ်နဲ့ပြောသည်။

"ဘာလဲ တော်တော်ရယ်စရာကောင်းနေလား"

မာန်က ရယ်သံနှောသော အသံလေးဖြင့် ခွန်းဆက်အမေးကို ပြန်ဖြေလေသည်။

"မဟုတ်ပါဘူး"

မာန်သည် ပေါ့ပေါ့ပါးပါးသာ ၀တ်ဆင်လာခဲ့သည်။ T-shirt အစိမ်းနုလေးနှင့် style pants အစိမ်းနုလေးကို တွဲဖက် ၀တ်ထားသည်။ ယခုမှ ရေချိုးလာသောကြောင့်ထင် ဖြူစင်သောမျက်နှာလေးက ရှင်းသန့်နေသည်။ ဆံပင်များကလည်း နုဖူးအုပ်လေး ဖြစ်လို့နေသည်။ မျက်နှာဝိုင်းဝိုင်းလေးနှင့် မာန့်အား နဖူးအုပ်ဆံပင်လေးများက ချစ်စဖွယ်ကောင်ငယ်လေး တစ်ယောက်အသွင် ပံ့ပိုးပေးထားသည်။

ဆိုးဆေးမကူပဲ နီရဲနေသောနှုတ်ခမ်းလေးများကို ကြည့်ရင်း ခွန်းဆက် ရေငတ်သလိုပင် ဖြစ်လာရသည်။  မျက်တောင်ရှည်များ ပုတ်ခတ်နေသည့်ကြားမှ မိုးပြာရောင်မျက်လုံးလေးများက သူ့အားညို့ငင်နေသလို။ ခွန်းဆက် မျက်နှာလွှဲမိသွားရသည်။

"မင်း ဘာဖြစ်နေတာလဲ...မင်းသူငယ်ချင်းတွေရော"

"ကျွန်တော် တစ်ယောက်တည်း ပြင်းနေတာ... ဟိုကောင်တွေကလည်း ဘယ်သွားသေနေမှန်း မသိဘူး... ခင်ဗျားက ဘာလို့ အခုမှ လာတာလဲ"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now