🍁Part 57🍁

541 17 2
                                    

[Unicode]

(မနေ့က တင်လိုက်တာ ဘာလို့လဲမသိ uni က တစ်ဝက်ပဲ ပါသွားတယ်ရယ်...အဲ့ကြောင့် အခုရေးပြီးပြန် တင်လိုက်ပါတယ်ရှင်)

တစ်နှစ်ခွဲခန့်ကြာပြီးနောက်။

နာရီစက္ကန့်လက်တံများက လျင်မြန်စွာလည်ပတ်နေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တရွေ့ရွေ့ကုန်ဆုံးသွားသော အချိန်များမှာ အလွန်လျင်မြန်စွာ။ ကုန်လွန်ခဲ့သောအချိန်များတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများထဲမှ အထူးခြားဆုံးဖြစ်စဉ်မှာ ဟိန်းလင်းလျာတစ်ယောက် ဘယ်ကရခဲ့မှန်းမသိသော ရက်ပိုင်းသာရှိသေးသည့် သမီးလေးမိန်းကလေးအား အမွေစားအမွေခံဖြင့် မွေးစားခဲ့ခြင်းဖြစ်သည်။ မိန်းမ မရှိ၍သာ ထိုကလေးအားမွေးစားခဲ့သည်ဟု ယုံကြည်နိုင်ခြင်းဖြစ်သည်။ ရက်ပိုင်းလောက်သာ ရှိသေးသော ထိုကလေးငယ်၏ မျက်နှာကျနှင့် မျက်ခုံးမျက်လုံးတို့က ဟိန်းလင်းလျာဆီမှ အမွေရထားသကဲ့သို့ တစ်ပုံစံတည်း တူလွန်းနေသည်။

မျိုးမာန်နှင့် အလင်္ကာတို့မှာ ယနေ့တွင် ကျရောက်လာသော ဟိန်း၏မွေးစားသမီးလေး မာယာနှင်းဆီ၏ ရက်တစ်ရာပြည့် မွေးနေ့ပွဲကို သွားရန်ပြင်ဆင်နေကြသည်။ မိန်းမ မယူပဲ ကလေးတစ်ယောက်သာ မွေးစားခဲ့သော ဟိန်းကိုလည်း သူတို့အံ့ဩခဲ့ရသေးသည်။

အလင်္ကာနဲ့မျိုးမာန်မှာ မဟာနဲ့အိနြေ္ဒအား စကားမပြောတော့သော်လည်း ဟိန်းနှင့်မူ အရင်အတိုင်း အခင်အမင်မပျက်ပဲ ရှိနေခဲ့ကြသည်။

"အလင်္ကာပြီးပြီလား"

"ပြီးပြီ အစ်ကို...သွားကြရအောင်"

ပြောကာ အခန်းထဲမှထွက်လာသော ချစ်ဇနီးလေးကို မျိုးမာန် သတိလက်လွှတ် ငေးမောနေမိသည်။ အိမ်ထောင်သက် ဘယ်လောက်ပဲ ကြာမြင့်နေပါစေ ထိုအမျိုးသမီးလေးက သူ့အပိုင်ဖြစ်သည်ဆိုတာကို မယုံကြည်နိုင်ပဲရှိရသည်။ မြန်မာဝတ်စုံ ပန်းရောင်ဝမ်းဆက်လေးနဲ့ အလင်္ကာက လှလွန်းနေသည်။ ဆံနွယ်ရှည်များကိုလည်း ကျောဘက်တွင်ဖြန့်ချထားပြီး ဆံချည်မျှင်တစ်စနှစ်စလောက် ရှေ့ဘက်သို့ ကျနေသည်ကြောင့် အလင်္ကာ၏ မျက်နှာလေးက ကျက်သရေရှိမှုနဲ့အတူ ချစ်စဖွယ်ကောင်းလွန်းနေသည်။ တစ်သားမွေးတစ်သွေးလှဆိုသလို အလင်းဆည်းဆာလေးကို မွေးပြီးကတည်းက အလင်္ကာက တစ်နေ့ထက်တစ်နေ့ပိုပို၍ လှလာသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now