🍁Part 24🍁

1K 54 5
                                    

[Unicode]

ခွန်းဆက်တစ်ယောက် ကုတင်ပေါ်တွင် ငြိမ်နေသည်မှာ အချိန်တစ်ခုကြာနေပြီ ဖြစ်သည်။ အိပ်ပျော်နေခြင်းတော့ မဟုတ်။ မျက်မှောင်ကြီးကုတ်ကာ မျက်နှာကြက်ကိုကြည့်ရင်း တစ်စုံတစ်ခုကို အသည်းအသန် စဉ်းစားခန်းဖွင့်နေသောကြောင့်ဖြစ်သည်။ မာန့်အား ဘာကြောင့် အလင်းဟု ထင်မြင်နေရသည်ကို နားမလည်နိုင်ဖြစ်နေသည်။ စဉ်းစားနေသည်မှာ အချိန်အတော်ကြာသွားသည့်တိုင်အောင် အဖြေရေရေရာရာမရရှိခဲ့ပဲ ခေါင်းရှုပ်သွားခြင်းသာ အဖက်တင်သည်။

ခွန်းဆက် ဘေးမှ ဖုန်းကို ယူလိုက်ပြီး ကောင်းထက်ဆီသာ  ဖုန်းခေါ်လိုက်တော့သည်။ မိုးထက်နဲ့ မင်းမြတ်က ယခုအချိန်တွင် အားမည်မဟုတ်မှန်းသိတာကြောင့်ပင်။

"Hello ကောင်းထက်"

"အေးသားလေး... မင်းအဖေပြောနေတယ်"

တစ်ဖက်မှအသံကြောင့် ခွန်းဆက် contact name ကိုပြန်ကြည့်ရသည်။ ကောင်းထက်ဆီသို့ခေါ်သည်ကို မိုးထက်က လာကိုင်သောကြောင့် ဖုန်းမှားခေါ်မိသလားဟူ၍။

"ဟေ့ကောင်...ခွေးသား မိုးထက်...ကောင်းထက် ဘယ်မှာလဲ... ပြီးတော့ မင်းကဆေးရုံမှာ မနေပဲ ဘာလို့သူ့ဆီ ရောက်နေတာလဲ"

"ကောင်းထက်က ငါ့ဘေးမှာ ထိုင်နေတယ်... ဘာလို့သူ့ဆီရောက်နေတာလဲ ဆိုတော့ ရောက်ချင်လို့ရောက်နေတာကွာ ရှင်းလား"

"မင်းတို့နှစ်ကောင် ဘာလုပ်နေကြတာလဲ"

"ဘာပဲလုပ်လုပ် မင်းကိုပြောပြစရာလား"

"တော်ပြီ မင်းနဲ့မပြောတော့ဘူး... ကောင်းထက်ကို ဖုန်းပေးလိုက်"

"speaker ဖွင့်ထားတယ် ဟျောင့် ပြောစရာရှိတာပြော"

"ကောင်းထက်"

"အေးပြော သားလေး"

"အဆင်ပြေသွားတာလား ဖေ့သား"

ခွန်းဆက်၏ 'အဆင်ပြေသွားတာလား'ဆိုသော စကားကြောင့်ကောင်းထက် မိုးထက်ကိုကြည့်ကာပြုံးလိုက်သည်။ မိုးထက်ကတော့ 'ဘာကိုအဆင်ပြေတာလဲ'ဟု ခပ်တိုးတိုးမေးလေသည်။ ကောင်းထက် မိုးထက်အား ခေါင်းခါပြရင်း

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now