🍁Part 12🍁

1.5K 50 4
                                    

[Unicode]

ခွန်းဆက် အိပ်ရာမှနိုးတော့ မိုးတောင် တော်တော်လင်းနေပြီဖြစ်သည်။ နာရီကိုကြည့်မိတော့ ၉ နာရီတောင်ခွဲတော့မည်။  အိပ်ရာမှထကာ ရေချိုးခန်းဆီသို့ ဦးတည်လိုက်သည်။ မျက်နှာသစ်သွားတိုက်ရင်း ရေပါ တစ်ခါတည်း ချိုးလိုက်တော့သည်။ ထို့နောက် အ၀တ်အစားလဲကာ အောက်ထပ်သို့ဆင်းခဲ့တော့သည်။

"သား ခွန်းဆက်...ရေတောင် ချိုးပြီးသွားတာလား"

"ဟုတ်ကဲ့ အန်တီမိုး"

"လာ သား...မနက်စာ အဆင်သင့်ပဲ... စားလိုက်တော့"

ခွန်းဆက်လည်း ခေါင်းညိတ်ပြကာ ထမင်းစားပွဲတွင် ၀င်ထိုင်လိုက်တော့သည်။

"အန်တီမိုး ဟိုဟာလေ"

"ဘယ်ဟာလဲ သား"

"ဟို အပေါ်က တစ်ယောက် ရုံးသွားလိုက်ပြီလား"

"သားမာန်လား... ဟုတ်တယ်... အစည်းအဝေးရှိတယ်ဆိုပြီး အစောကြီးထွက်သွားတာ...မနက်စာတောင် စားမသွားဘူးလေ...ဘာလို့လည်း သား"

"ဘာမှမဟုတ်ပါဘူး... ဒီတိုင်းပဲ မေးကြည့်တာ"

"အန်တီလေ သားမာန့်ကို ကြည့်ရတာ အားမရဘူး... ပိန်ပိန်သေးသေးလေး... အားရှိတာတွေချက်ကျွေးအုံးမှပါ"

"အဟွတ်...အဟွတ်"

အန်တီမိုး၏ စကားကြောင့် ခွန်းဆက် စားနေတာတွေပင် သီးသွားတော့သည်။

"သားရလား... ရော့ ရေသောက်လိုက်သား"

"အဟွတ်...ဟုတ်... ဟုတ်ကဲ့"

မာန်က လူသာပိန်တာ အားက ဆင်ဆယ်ကောင်ထက် သာတယ် အန်တီမိုးရ...သားကို သနားပါဗျာ.....

ထိုစကားများကိုတော့ ခွန်းဆက်စိတ်ထဲ၌သာ ပြောမိသည်။ ခွန်းဆက် မနက်စာစားပြီး ခြံထောင့်နားက ကံ့ကော်ပန်းပင်အောက်တွင်ရှိသော ဒန်းအဖြူလေးပေါ်၌ သာ အချိန်ဖြုန်းနေတော့သည်။ ဒန်းပေါ်ထိုင်၍ ဖုန်းသုံးနေစဉ် ခြေထောက်တစ်ဖက်အား လာထိသော အထိအတွေ့လေးကြောင့် ခွန်းဆက်ငုံ့ကြည့်လိုက်တော့ သူ့ခြေထောက်အား ပွတ်သီးပွတ်သပ်လုပ်နေပါသော အဝါကောင်လေး။ တနည်းအားဖြင့် ကြောင်ဖေဖေကြီးမာန်၏ သမီးလေး။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now