🍁Part 22🍁

1.4K 57 3
                                    

[Unicode]

ခွန်းဆက်တို့် နှစ်ယောက် အိမ်ပြန်ရောက်တော့ ညနေပင် စောင်းနေပြီ ဖြစ်သည်။ ဦးငယ် အရှေ့မှ ထွက်လာပြီးကတည်းက အသိစိတ်ကင်းမဲ့နေသည့် လူတစ်ယောက်ပုံစံဖြစ်နေသော မာန့်ကြောင့်  daddy နှင့် စကားစကို ဖြတ်ပြီး အိမ်သို့ခေါ်လာခြင်း ဖြစ်သည်။ ကားမောင်းနေသည့် တစ်လျှောက်လုံးတွင် ဘေးက အသက်မရှိသူလိုငြိမ်သက်နေသည့် မာန့်ကို ခွန်းဆက် လှည့် လှည့်ကြည့်နေခဲ့သည်။ အခုလည်း ကားရပ် ရပ်ချင်းပင် သူ့အား ဘာစကားမှ မပြောပဲ ခေါင်းငိုက်စိုက်ချကာ ကားပေါ်မှ ဆင်းသွားပြန်သည်။

ခွန်းဆက်လည်း ကားကို စက်သတ်ကာ အိမ်ထဲသို့ဝင်လာခဲ့သည်။

"သားငယ်... မာန်လေး ဘာဖြစ်တာလဲကွယ်... အန်တီမေးတာကို မသိသလို့နဲ့ အပေါ်တက်သွားတယ်"

"သူပင်ပန်းနေလို့ပါ အန်တီ... သားသူ့နောက် လိုက်သွားလိုက်မယ်နော်"

"အေးအေး ဂရုစိုက်ပေးလိုက်အုံး သား"

"ဟုတ်ကဲ့"

ခွန်းဆက် အန်တီမိုးအား ထိုမျှလောက်သာ ပြန်ဖြေခဲ့ပြီး အပေါ်သို့ပြေးတက်ခဲ့တော့သည်။ မာန်က အခန်းတံခါးဖွင့်နေတုန်းပင် ဖြစ်တာကြောင့် အနားသို့သွားကာ ခွန်းဆက် မာန့်လက်ကို လှမ်းဆွဲလိုက်သည်။

"မာန်"

ခေါ်သော်လည်း ခွန်းဆက်အား လှည့်မကြည့်။ ခွန်းဆက်အသံကို မကြားသည့်အလား ခေါင်းကိုငုံ့ထားလျှက် တံခါးလက်ကိုင်အား လှည့်ဖွင့်နေသည်။ ခွန်းဆက် ဆွဲထားသော မာန့်လက်ကို လွှတ်လိုက်ပြီး ပခုံးနှစ်ဖက်ကိုပြောင်းကာ သူ့ဘက်ဆွဲလှည့်ပြီး ခပ်ဆတ်ဆတ်လေး လှုပ်ခေါ်လိုက်သည်။

"မာန် သတိထားအုံးလေဗျာ"

ထိုအခုမှ မာန် အသိဝင်လာကာ အံ့ဩနေသောမျက်ဝန်းများဖြင့် ခွန်းဆက်အား မော့ကြည့်လာသည်။

"အဆင်ပြေရဲ့လား"

လေသံလေးဖြင့် ခွန်းဆက်မေးတော့ မာန်က ခေါင်းညိတ်ပြသည်။

"အင်း... ပြေ ပြေပါတယ်"

မတည်ငြိမ်သော မျက်ဝန်းများနှင့် ခွန်းဆက်အားကြည့်ကာ ထစ်အစွာဆိုလာသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now