𝐈𝐍𝐓𝐑𝐎𝐃𝐔𝐂𝐓𝐈𝐎𝐍

2.3K 142 10
                                    

UNICODE

ဟယ်လို ထုံးစံအတိုင်းမိတ်ဆက်​လေးအရင်စပါမယ်  (ノ・ェ・)ノ

'မြို့စားကြီး​မိသားစုရဲ့ဆန်ကုန်​မြေ​လေး' ​ခေါင်းစဥ်နဲ့ ဝတ္ထုတွဲဟာ အခုဆိုရင် ဇာတ်ရှိန်မြင့်အပိုင်း​တွေကို ဝင်​ရောက်လို့လာပါပြီ​နော်။ ဒါ​ကြောင့် ၂၀၀ က​နေ ၃၀၀ ကြားအပိုင်း​တွေဟာ အင်မတန်ကိုမှရှည်ပြီး ဘာသာပြန်ရတာ စိန်​ခေါ် မှုရှိလာတာ​ကြောင့် Update သည် ကြာ​ကောင်းကြာနိုင်​လောက်ပါတယ်။

ကိုယ်တိုင်ကလည်း ​စေ့​စေ့စပ်စပ် အထပ်ထပ်အခါခါစစ်ပြီးမှ စာဖတ်သူလက်ထဲ ထည့်​ပေးချင်တာ​ကော၊ ဖတ်တဲ့သူ​တွေကို စာ​ရေးသူရဲ့ဆိုလိုရင်း အနှစ်သာရ​တွေကို အမိအရ ဖတ်နိုင်​အောင် ဘာသာပြန်​ပေးလိုတာ​ကြောင့်​ကော ​အပိုင်းတိုင်းကို သေချာအချိန်ယူပြီး ဘာသာပြန်​ပေးသွားမှာပါ။ ဒါ​ကြောင့် အရင်က​ရော အခု​ရောစိတ်ရှည်ရှည်နဲ့​စောင့်ဆိုင်း​ပေးကြတဲ့ စာဖတ်သူတိုင်းကို ​​ဒီကအရမ်း​ကျေးဇူးတင်မိပါတယ်
(๑꒦ິ ̼ ꒦ິ๑)

📍 ဇာတ်လမ်း​အ​ကြောင်း

အပိုင်း ၁၀၀ က​နေ ၂၀၀ အတွင်း Cale တစ်​ယောက် ရှာ​ဖွေစု​ဆောင်းလာတဲ့ပြသနာ​တွေရဲ့ အထုပ်ဖြည်ခန်းကို​ပြောပါဆို ဒီ ၂၀၀ နဲ့ ၃၀၀ ကြားကို ​ပြောရမှာပါပဲ။

အ​ကြောင်းက​တော့ ​ဒေသကြီး​တွေရဲ့သမိုင်း​ကြောင်းတစ်​လျှောက် အကြီးမားဆုံးပါဆိုတဲ့ စစ်ပွဲကြီး​တွေက ဒီအပိုင်း​တွေမှာဖြစ်​နေလို့​လေ။

​ဒူး​လေးနှံ့ ယပ်​လေးခတ်ပြီး ဇိမ်​လေးနဲ့​နေချင်ပါတယ်ဆိုတဲ့ ကိုကို Cale ရဲ့အိပ်မက်​လေး အ​ဝေးဆုံးကို​ပြေးထွက်သွားတဲ့ အပိုင်း​တွေ​ပေါ့
(〜^∇^)〜

📍 ဖတ်ရမယ့်အဓိကဇာတ်​ကြောင်းကြီး​တွေက

- Ubarr ရေကြောင်းတိုက်ပွဲ (၂) 
- နဂါးလိုက်မုဆိုးနဲ့ပြန်လည်တွေ့ ဆုံခန်း
- Paerun တိုင်းပြည်ကို သူလျှိုအသွင်​ပြောင်းခန်း 
- Caro တိုင်းပြည် မန်နာသေတိုက်ပွဲ (၃) 
- သေမင်းချောက်ကမ်းပါးတိုက်ပွဲ (၄) 
- Raon ရဲ့ ပထမကြီးထွားဆင့်​ရောက်ရှိခန်း
- ရေရှေးဟောင်းစွမ်းအင်ရှာဖွေခန်း 

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now