Chapter 216: Reversal (2)

490 97 1
                                    

အခန်း (၂၁၆): ​အတုံ့အလှည့် (၂)

Words Count: 5753

UNICODE

သူမှာငှက်တစ်​ကောင်ပမာ။

သည့်အပြင် ယင်းငှက်သည် သား​ကောင်တစ်​ကောင်အား သုတ်ချီရန်ချိန်ရွယ်​နေ၏။

Choi Han ၏ခန္ဓာကိုယ်သည် ​​မြေပြင်သို့တစ်ရှိန်ထိုးဆင်းသွား၏။

"​မျိုးမစစ်​ကောင် နောက်ဆုံး​တော့ မင်းကိုမြင်ရပြီပဲ!"

​ရှေ့တန်းသင်္ဘောဆီမှ ဝက်ဝံညိုကြီးသည် Choi Han အား​တွေ့ မြင်ပြီး​နောက်​တောင်မှ မတုန်လှုပ်သွား။ ​ပြောရလျှင် သူသည် Choi Han အား​စောင့်ဆိုင်း​နေသကဲ့သို့ ​အော်ဟစ်လာ၏။

"ဒီသင်္ဘောကို မင်းရဲ့အမှုန်အမွှားအ​ရောင်အဝါနဲ့ ဖျက်စီးလို့ရမယ်များထင်​နေလားကွ!"

၎င်းဝက်ဝံညိုကြီး ယုံကြည်ချက်အခိုင်အမာရှိ​နေရခြင်းမှာ အ​ကြောင်းရှိ၏။

Henituse နယ်​​မြေမှ အသက်ရှင်လျက်ပြန်လာနိုင်ခဲ့သူဆိုလို့ နဂါးလိုက်မုဆိုးအတု Syrem တစ်​ယောက်သာရှိသည်။ Roan တိုင်းပြည်နှင့်​ရေ​ကြောင်းတိုက်ပွဲမဖြစ်မီ သူ​ပေးပို့ခဲ့​သော သတင်းအရဆိုလျှင် Choi Han ၏အ​ရောင်အဝါမှာ နှစ်မီတာထက်ပိုပြီးမ​​ကျော်နိုင်ဟူ၍။

ထို့​ကြောင့်ပဲ သူ၏အ​ရောင်အဝါထက် အကြိမ်​ပေါင်းများစွာ အရွယ်အစားကြီးမား​သော ဤသင်္ဘောကြီးအား ပိုင်းဖြတ်နိုင်ဖို့ဆိုသည်မှာ ဘယ်လိုမှကိုမဖြစ်နိုင်​ပေ။

​ဘေးနှစ်ဘက်နှစ်ချက်ရှိ ဘီးများဆက်တိုက်လည်​နေသ၍ သင်္ဘောကြီးမှာ ရပ်တန့်သွားမည်မဟုတ်​​လေ။

"ငါ့သူငယ်ချင်း​တွေကို သတ်ပစ်ခဲ့တဲ့ ဒီ Henituse ​ကောင်စုတ်​တွေကို ကျိန်း​သေငါရ​အောင်အ​သေသတ်ပစ်မယ်"

Roan တိုင်းပြည်ဘက်သို့ဦးတည်​လာ​နေ​သော သင်္ဘောများတို့​ပေါ် ၌ ဝက်ဝံညိုများသာ ပါလာ၏။ ထိုသူများမှာ Henituse နယ်​​မြေအား တိုက်ခိုက်ခဲ့​သော ဝက်ဝံများနှင့်မျိုးနွယ်စုတစ်စုတည်းမှဖြစ်၏။

​ပေါက်ကွဲအဆင့်ရှိဝက်ဝံညို၏လက်​မောင်း​ပေါ် မှ​သွေး​ကြောများမှာ​ အထင်းအရှား​ပေါ် ထွက်လာ၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now