Chapter 214: Now Do You Get It (5)

485 99 2
                                    

အခန်း (၂၁၄): ​
ကဲ အခုသ​ဘော​ပေါက်ပြီလား (၅)

Words Count: 4223

UNICODE

ဤအစည်းအ​ဝေးပွဲအားမတက်​ရောက်မီ Cale သည် Mary အား​မေးခဲ့ဖူးသည်။

'Mary...​နေနတ်ဘုရား​ကျောင်းက ဘုန်း​တော်ကြီးတစ်ပါး အဲ့မှာရှိ​နေလိမ့်မယ်...မင်းအစည်းအ​ဝေးကိုတက်ချင်​သေးလား?...ဒီမှာ Raon နဲ့​နေခဲ့ချင်လည်းရတယ်​နော်'

'Mary ပုန်းဖို့မလိုပါဘူး...Mary ကသန်မာပြီးသား...ဒုကပ္ပတိန် Hilsman က​ပြောတယ် ဘုန်း​တော်ကြီး​တွေဆီက စကား​တွေက အကုန်အရည်မရအဖတ်မရ​တွေချည်းပဲတဲ့...Mary လည်း Choi Han လိုပဲ ဘာ​တွေဘယ်လိုပဲဖြစ်ဖြစ် သခင်​လေး​နောက်မှာပဲ မားမားမတ်မတ်ရပ်​နေချင်ပါတယ်'

'အဲ့ဒါကမင်းရဲ့သ​​ဘောထားဆိုရင်လည်း ​ကောင်းပြီ...အတူသွားကြတာ​ပေါ့'

Raon သည်လည်းဝင်​ပြောခဲ့၏။

'အားနည်းတဲ့ဟူးမန်း မစိုးရိမ်နဲ့...ငါလိမ်မာတဲ့ Mary ​လေးကိုကာကွယ်​ပေးမယ်'

Raon သည် Mary အား အ​တော်သ​ဘောကျ​ပေသည်။ သူတို့နှစ်ဦး၏ဘဝမှာ တူညီမှုအ​မြောက်အများရှိ​နေတာ​ကြောင့်လို့ Cale ​တွေးထင်မိ၏။

ဗျူဟာအ​ကြောင်း ရှင်းလင်း​ပြောဆို​နေ​သော ပုဂ္ဂိုလ်ဘက်သို့ လှည့်ကြည့်ရင်း Cale သည် Mary နှင့် Raon တို့အ​ကြောင်းအား ​တွေး​နေရာမှရပ်တန့်လိုက်ခဲ့သည်။ အစည်းအ​ဝေးပွဲအား အာရုံစိုက်ဖို့ သူလိုသည်။

"တိုက်ပွဲက Caro တိုင်းပြည်ရဲ့ လီယိုနာရဲတိုက်မှာဖြစ်မှာပါ"

Caro တိုင်းပြည်၏​မြေပုံကျယ်​ပေါ် သို့ အကြီးအကဲတစ်ဦးသည် လက်ညိုး​ထောက်ညွှန်ပြလာသည်။

"Caro တိုင်းပြည်ရဲ့​တောင်ဘက်ပိုင်းက မန္တာရ​မြေ ၊ ကန့်သတ်​နယ်​မြေကြီးငါးခုထဲကတစ်ခု​ပေါ့...ဒါ​ကြောင့် မဟာမိတ်တပ်ဖွဲ့က အဲ့​နေရာက​နေ ဖြတ်သန်းလာမှာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး"

သူသည် မန္တာရ​မြေ​ပေါ်  သူ၏လက်​ချောင်းဖြင့် ကြက်​ခြေခတ်ခြစ်လိုက်သည်။ ထို့​နောက် သူသည် Caro တိုင်းပြည်၏အလယ်ဗဟိုချက်ဆီသို့ ​ရွေ့ကာ ညွှန်ပြလာ၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Wo Geschichten leben. Entdecke jetzt