Chapter 228: But it's more comfortable here? (2)

516 102 16
                                    

အခန်း (၂၂၈):
ဒါ​ပေမဲ့ ဒီမှာပိုပြီးဇိမ်ကျသလားလို့? (၂)

Words Count: 3932

UNICODE

(အ​သေအူတက်တဲ့အပိုင်း​လေးပါ မန့်​လေး​တွေ​ပေးသွားကြဦး​နော် ☆▪︎☆)

Cale ၏နူတ်ခမ်း​ထောင့်စွန်းတို့မှာ လှုပ်စိလှုပ်စိဖြစ်​နေ၏။

• "ဟူးမန်း မင်းအဲ့လိုမျိုး ထပ်ပြုံး​နေပြန်ပြီ"

"ဟိုလို ပြုံးစိစိကြီး သူလုပ်​​နေတယ်!"

"တက်ကြွလာပြီဆို သူကအဲ့လိုပဲ"

Raon၊ Hong နှင့် On တို့ တစ်​ယောက်ပြီးတစ်​ယောက် ​ပြောဆိုလာကြ​သော်လည်း Cale က​တော့နားထဲမထည့်။

(ဖုန်ခါသံ)

Beacrox သည်သူ၏လက်အိတ်အဖြူ​​ပေါ် မှ သဲဖုန်တို့အား ခါချလိုက်သည်။

နဂိုတည်းက သဲဖုန်တို့သိပ်ပြီးရှိမ​နေ​​သော်လည်း သူ့​​ရှေ့ရှိ ဒူး​ထောက်​နေ​သော လူငါး​ယောက်မှာမူ ထိုအသံတစ်ချက်ကြားသည်နှင့် ဖြူ​ဖျော့သွားကြ​တော့သည်။

မည်သို့ပင်ဆို​စေကာမူ ထိုသူငါးဦးထဲမှဘယ်သူကမှ ညိုမဲဖူး​ယောင်​နေတာမျိုး ​သွေးထွက်​သံယိုဖြစ်​နေတာမျိုး မရှိ။

"ဟိုးဟိုးဟိုး"

Ron သည်တစ်ချက်ရယ်​မောလိုက်ကာ ထိုသူထဲမှတစ်ဦးအား လည်ပင်းညှစ်လိုက်သည်။

"...လက်ယားလာပြီ​နော်"

ဘာမှလုပ်ခွင့်မရလိုက်​သော ဓါး​ရေးဆရာ Hannah ​အနီးရှိ သစ်ပင်အချို့မှာ ပြိုလဲကျကုန်၏။ Beacrox ကမူ Hannah ၏လုပ်ရပ်​ကြောင့် လိမ့်တက်လာ​သော ဖုန်သဲတို့အား သူ၏လက်အိတ်၊ အဝတ်အစားတို့​ပေါ် မှ ခါထုတ်ခြင်းဖြင့် အလုပ်များ​နေ၏။

Hannah ၏​ရွှေ​ရောင်အ​ရောင်အဝါနှင့် အနက်​ရောင်မီးခိုးတို့ ​ပေါင်းစပ်မှုကို မြင်လိုက်ရပြီး​နောက် နဂိုတည်းက ဖြူ​ဖျော့​နေကြ​သော လူငါးဦးမှာ ကျိန်း​​သေ​ဆိုသလို ကြောက်လန့်တကြား တုန်လှုပ်လာ​တော့သည်။

သူ၏အဝတ်အစားတို့ သန့်ပြန့်​သွားပြီဆို​တော့မှ Beacrox သည် Cale အား​မေးခွန်းမေး၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now