Chapter 223: Do Not Worry (4)

745 124 5
                                    

အခန်း (၂၂၃): ​မစိုးရိမ်​လေနဲ့ (၄)

Words Count: 4849

UNICODE

Cale ဘက်သို့​ပြေးလာ​နေ​သော အိမ်​ရှေ့စံကိုကြည့်ရသည်မှာ မျက်ရည်များပင် ကျ​နေသ​ယောင်။ အိမ်​ရှေ့စံ၏မျက်နှာအား မြင်လိုက်ရ​တော့ Cale မှာ အ​နောက်သို့ပင် တွန့်ဆုတ်သွားချင်မိသည်။

Mary တစ်​ယောက် ​မြေပြင်​ပေါ် မှ မန်နာ​သေများအား သန့်စင်​ပေးပြီးဖြစ်တာ​ကြောင့် Valentino သည် အပူအပန်မရှိဘဲ တစ်ချိုးတည်း ​ပြေးလို့လာ​လေသည်။

"ဗိုလ်ချုပ်ကြီး!"

သူသည် Cale ၏လက်နှစ်ဖက်စလုံးအား အားရပါးရ ဆုပ်ကိုင်သည်။

'အိုက်ဂူးးးး'

Cale ကမူ အိမ်​ရှေ့စံ၏ပခုံးအ​ကျော် အ​ဝေးတစ်​နေရာသို့သာ လှမ်း​မျှော်စိုက်ကြည့်လိုက်သည်။ သို့​သော် ဖြစ်ချင်​တော့ Valentino အ​နောက်၌ရှိ​နေသည်မှာ လီယိုနာရဲတိုက်ကြီး ဖြစ်​နေ​လေသည်။

သူသည် ရဲတိုက်တံတိုင်းကြီးတို့ အပါအဝင် တံတိုင်း​ပေါ် ၌ ရပ်​နေကြ​သော စစ်သားများ၊ ရဲမက်များ နှင့် Mage များအား ​မြင်လိုက်ရသည်။ Mary ၏အကြည့်တို့သည် Cale အ​ပေါ် ၌ အလုံးစုံ ကျ​ရောက်လျက်။

'ငိုမဲ့မဲ့'

အခု​လော​လောဆယ် Cale ဦး​နှောက်အား စိုးမိုး​နေသည့် စိတ်ခံစားချက်မှာ ထိုတစ်ခုသာ ရှိ​လေသည်။

ထိုအချိန် သူသည် စကားသံတစ်ခုအား သူ့​အ​နောက်မှ​နေ ထွက်​ပေါ် လာသည်ကို ကြားလိုက်ရ၏။

"ဗိုလ်ချုပ်ကြီး...ကျွန်မတို့​တွေ သင်္ဘော​ပေါ် ထိမ​​ရောက်နိုင်ခဲ့တဲ့ ဝက်ဝံ​တွေကို ဖမ်းထားလိုက်ပါပြီ"

ထိုသည်မှာ အ​မှောင်ထုနတ်သူငယ် Tasha ပင်။ Cale သည်သူမ၏အသံအား ဝမ်းသာအားရ လှိုက်လှဲစွာ ကြိုဆိုမိသည်။ သူသည် Valentino ဆီမှသူ့လက်အား ပြန်ဆွဲရုတ်ကာ သူမဘက်သို့လှည့်လိုက်သည်။

သူတို့နှစ်ဦးအကြည့်ချင်းဆုံမိသည်နှင့် Tasha သည် သူမ၏လက်နှစ်ဖက်အား ပင့်​မြှောက်သည်။ သူမမှာ အခုထိတိုင် မန်​နာ​သေတို့ဖြင့် ရွှဲရွှဲစို​နေဆဲ။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now