Chapter 202: The Ocean Is...(2)

758 141 8
                                    

အခန်း (၂၀၂): သမုဒ္ဓရာကြီးက...(၂)

Words Count: 3950

UNICODE

Ubarr နယ်​​​မြေဆိုသည်မှာ Roan တိုင်းပြည်၏အ​ရှေ့​မြောက်ကမ်းရိုးတန်း၌တည်ရှိ​သော​ နေရာတစ်ခုဖြစ်၏။

​​အေးမြ​မြသမုဒ္ဓရာ​​လေ​​ပြေတို့အား ခံစားရင်း Ubarr နယ်​မြေ၏သခင်မ Popelina Ubarr သည်​ နေရာအား​ဝေ့ကြည့်လိုက်သည်။

သူမ၏ဆက်ခံသူ သခင်မ​လေး Amiru သည်သူမအား သတိတကြီးလှမ်းကြည့်လျက်။

​ရေတပ်အ​ခြေစိုက်စခန်းဆီသို့ လိူင်းများပုတ်ခတ်လာသံကို အ​ကောင်းဆုံးကြားရနိုင်​သော ​နေရာမှာ ဒီ​နေရာပင်ဖြစ်၏။

ပုံမှန်​ မှောင်မိုက်ဆိတ်ငြိမ်လို့​နေတတ်​သောဆိပ်ကမ်းမှာ ​မည်းမှောင်နေဆဲဖြစ်​သော်လည်း တိတ်ဆိတ်မှု​တော့မရှိ​။

ဗန်းးးးး!

​ရွေ့​ပြောင်း​​မှော်စက်ဝန်းသည်​ နောက်တစ်ကြိမ်ထပ်၍ လင်းလက်လို့လာပြန်သည်။

Popelina သည် လက်ဆွဲနူတ်ဆက်ရန်အတွက်လက်ကို​ရှေ့ထုတ်ဆန့်တန်းလိုက်သည်။

"ကြိုဆိုပါတယ် နယ်စားကြီး"

"အဟမ်း ​တွေ့ ရတာဝမ်းသာပါတယ် Ubarr သခင်မကြီး"

Ubarr နယ်​မြေသခင်မအား ကျို့တိုးအန်းတမ်းနိုင်စွာ လက်ဆွဲနူတ်ဆက်လာသူမှာ ယခင်က အ​ရှေ့​တောင်နယ်​မြေမှ Marquis Ailan အား​​ထောက်ခံ​ခဲ့သော နယ်စားကြီးတစ်ဦးဖြစ်​လေသည်။

သူမှာ​ လော​​​လောဆယ်သံချပ်ကာဝတ်စုံကြီးဝတ်လျက် တခြားလူများနှင့်​အရောဝင်ဖို့ ကြိုးစားလို့​နေ၏။

သူသည် Popelina ​ဘေးမှထွက်လာခဲ့ကာ တခြားမျိုးရိုးမြင့်များနား၌သွားရပ်သည်။ သူတို့အားလုံး၏မျက်နှာသည် သာယာကြည်ရွှင်မှုမရှိ။ ယင်းနယ်စားကြီးသည် အ​ရှေ့​တောင်နယ်​မြေမှတခြားမျိုးရိုးမြင့်များကိုပင် မနူတ်ဆက်ဘဲ ​ရေတပ်စခန်းအား လှည့်ပတ်ကြည့်ရှုသည်။

ထို့​နောက် သူသည် တုန်လှုပ်​နေရ​သောသူ၏နှလုံးထက်ဝယ် လက်တင်လိုက်ခဲ့သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now