Chapter 207: Your Back (2)

773 130 6
                                    

အခန်း (၂၀၇): ​နောက်​​စေ့ (၂)

Words Count: 5343

UNICODE

Clopeh အနားသို့ Cale သည်​ဖြည်းညှင်းစွာ ချည်းကပ်သည်။

Raon ၏​မှော်အတတ်ပညာဖြင့် ချုပ်​​နှောင်ခြင်းခံထားရ​သော Clopeh အ​ပေါ် အကြောက်တရားသည် ကြီးစိုးလို့​နေသည်။ သူတို့နှစ်​ယောက်အကြည့်ချင်းဆုံသည်နှင့် Clopeh မှာကျိန်စာသင့်ခံလိုက်ရ​သော လူတစ်​ယောက်ပမာ ​တောင့်တင်းသွား​လေသည်။

Cale သည် ယုံကြည်ချက်ရှိရှိ စကားစတင်​ပြောသည်။

"Clopeh...ငါတို့ မင်းဇာတိဆီ အတူသွားကြရင် မ​ကောင်းဘူးလား?"

Clopeh ကမူ ဘာမှပြန်မ​ဖြေ ​ခေါင်းသာတဆတ်ဆတ်ငြိမ့်၏။ သူမှာမသိလျှင် နတ်ဘုရားတစ်ပါးအား ဖူး​​မြော်နေသည့်အတိုင်း။ Cale ၏ဆံပင် အနီ​ရောင်မှာ Clopeh မျက်လုံးတွင်​တော့  ဖွေး​ဖွေးဆွတ်​အဖြူ​ရောင် ဖြစ်​​နေ​ချေသည်။

​မွေးရပ်ဇာတိ၌နိဂုံးချုပ်​​တော့မည်ဖြစ်​သော Clopeh အား Cale သည် ခံစားချက်မဲ့စွာ စိုက်ကြည့်ပြီး​​နောက် ​မြေ​အောက်အကျဥ်းခန်းထဲမှ ထွက်လာလိုက်​တော့သည်။ သူ၏နယ်​မြေတွင်းရှိ အပြစ်မဲ့ပြည်သူတို့အား ထိခိုက်​စေခဲ့​သော လူတို့အ​ပေါ်  သူသနားငဲ့ညှာ​​နေစရာ မလို​ပေ။

Cale သည်​မြေ​အောက်ခန်းထဲမှ​နေ ​အ​ပေါ် သို့တက်ခဲ့သည်။

Mary နှင့် က​လေးတစ်သိုက်တို့ကလည်း သူ့​နောက်မှလိုက်ပါလာကြ၏။

Cale သည်စကားဆိုသည်။

"ညစာစားကြစို့"

"ဟုတ် သခင်​လေး"

"​မြှောင်~~~"

"​မြှောင်~~"

• "​ကောင်းသားပဲ! ငါ့အတွက် အမဲကင်​နော်!"

Mary နှင့် က​လေးအားလုံးသည် ပြန်​ဖြေကြားကြသည်။

Cale သည် သူသုံး​ဆောင်ရ​တော့မည်ဖြစ်​သော အမဲကင်တစ်ခြမ်း နှင့် ဝိုင်တစ်ခွက်အား မြင်​ယောင်ရင်း ​ခြေလှမ်းတို့အား ခပ်သွက်သွက် စတင်​လျှောက်လှမ်းလိုက်သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now