Chapter 218: Reversal (4)

451 104 2
                                    

အခန်း (၂၁၈): ​အတုံ့အလှည့် (၄)

Words Count: 4909

UNICODE

အ​မှောင်ထုနတ်သူငယ်များသည် ​လေဒြပ်စင်တို့၏​ကျေးဇူး​​​ဖြင့် သဲကန္တာရပြင်​ပေါ် ၌ ပျံသန်း​နေသကဲ့သို့ ထင်မြင်​ရ​စေသည်။ လီယိုနာရဲတိုက်သို့​ ဦးတည်လာ​သည့် အ​မှောင်ထုနတ်သူငယ်များထဲ ​ရှေ့မှဦး​ဆောင်လာ​သော ​​အ​မှောင်ထုနတ်သူငယ်မှာ အမြန်ဆုံးပင်ဖြစ်၏။

ဗွက် ဗွက်။

အမည်း​ရောင်အရည်များ။ သူမသည် ဘယ်လိုမှမ​နေသကဲ့သို့ မန်နာ​သေများအား နင်းဖြတ်​လျှောက်လာသည်။ ​​ရှေ့ဆက်​ရန်သူမအား ဘယ်အရာကမှမတားဆီးနိုင်။

သင်္ဘောအပျက်အစီးများဖြင့်ပုံ​နေ​သော ရဲတိုက်တံတိုင်း​အောက်တည့်တည့်သို့ သူမသည် ​ရောက်ချလာသည်။ အနက်​ရောင်​မြေပြင်​ပေါ် ထက်၌ ရပ်ရင်း သူမသည် ကျယ်​လောင်စွာ သတင်းပို့သည်။

"ဗိုလ်ချုပ်ကြီး...အားလုံး​ဘေးကင်းကင်းနဲ့​ရောက်ပါပြီ!"

Valentino သည် သူကိုယ်တိုင်​တောင်သတိမမူမိပါဘဲ တံ​တွေးတို့ဖိမြိုချမိသွား၏။

အ​မှောင်ထုနတ်သူငယ်များ။

သူတို့မှာ နတ်သူငယ်များထက်ပင် ပို၍ရှားပါးကာ အ​နောက်ဘက်​ဒေသကြီးတစ်ခုလုံး၏​ရှောင်ဖယ်ခြင်းကိုခံထားရသည်။ အမှန်တကယ်​တော့ သူတို့မှာရွံရှာမုန်းတီးခြင်းကို ခံရသည့်အတွက် ထိုသည်ဆိုးသည်ဟုပင်​ ပြောလို့ရနိုင်သည်။

အ​မှောင်ထုနတ်သူငယ်များမှာ လူ​သေအ​လောင်းတို့​မြေမြုပ်ထားရာ​နေရာ၌ ကျက်စားကြသည်။ မည်သည့်လူသားတစ်ဦးတစ်​ယောက်ကိုမှ သူတို့ဒုက္ခ​မပေးခဲ့​သော်လည်း ယင်းသို့​သော အ​မှောင်ရိပ်ကျသည့်​နေရာများ၌​နေထိုင်ခြင်းက လူတို့အား သူတို့အ​ပေါ် သတိတကြီးဖြစ်လာ​စေခဲ့သည်။

'...သူတို့​တွေက Roan တိုင်းပြည်ဆီက - မဟုတ်​သေးဘူး...ဗိုလ်ချုပ်ကြီး Cale ရဲ့အဖွဲ့ သား​တွေများလား'

အသက်သွင်းသူအ​ကြောင်းကိုပါ စဥ်းစားမိသွား​လေ​သဖြင့် Cale ​ပေါ် သို့ကျ​ရောက်​နေ​​သော အိမ်​ရှေ့စံမင်းသား Valentino ၏အကြည့်တို့သည် တစ်ဆစ်ချိုး​ပြောင်းလဲသွား​တော့သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now