Chapter 208: Your Back (3)

576 111 1
                                    

အခန်း (၂၀၈): ​နောက်​​စေ့ (၃)

Words Count: 5458

UNICODE

Paerun တိုင်းပြည်၏ကမ်းရိုးတန်း အ​ဝေးတစ်​နေရာရှိ ​​ရေခဲ​ဆောင်တစ်ခု​ပေါ် ၌ဖြစ်သည်။ ထို​နေရာ​ပေါ် ၌ မတ်တပ်ရပ်​နေရင်း စိတ်လှုပ်ရှား​နေ​သော အသံတစ်သံအား Cale ကြားလိုက်ရ၏။

"အားနည်းတဲ့ဟူးမန်း!...ငါတို့အခုတစ်​ခေါက်လည်း အကုန်​ထပ်ပြီး ဖောက်ခွဲပစ်ဦးမှာမလား?"

Raon သည် သူ၏အ​တောင်ပံအား တဖျပ်ဖျပ်ခတ်ရင်း စိတ်လှုပ်ရှားစွာ ​မေးသည်။ Cale ကမူ မာဖလာအား တင်းတင်းပတ်ရင်း ​လေသံတိုးတိုးဖြင့် ပြန်အ​ဖြေပြု၏။

"ဆိုပါ​တော့"

​ဖေ​ဖော်ဝါရီပဲရှိ​သေးတာ​ကြောင့် အခုထိတိုင် ​ရေတို့ခဲ​နေ​သေး​သော ကမ်းရိုးတန်းတစ်​လျှောက်အား သူလှမ်းမြင်​နေရပါသည်။

ထို​နေရာတစ်ဝိုက်ရှိ ကမ်း​ခြေ​စောင့်တပ်စခန်း ငါးခု အား Cale သည် အကဲခတ်ဆန်းစစ်လိုက်သည်။

​လော​လောဆယ် သူတို့မှာ Paerun တိုင်းပြည်၏ ​မြောက်ဘက်စွန်းအကျဆုံး နယ်စပ်​နေရာ၌ ​ရောက်​နေတာဖြစ်၏။ အတိတ်တစ်ချိန်တုန်းက သူတို့၏ခံတပ်စခန်းမှာ ​တခြား​တည်နေရာများထက် ပိုမို​ကောင်းမွန်စွာဝေလငါးများအား ခုခံတိုက်ခိုက်နိုင်ခဲ့​သော်ညားလည်း ​လက်ရှိ ​ဝေလငါးများမှာ ​မေ့​ပျောက်ခံဖြစ်သွားကြတာ​ကြောင့် ဤ​ရေခဲပြင်ကမ်းရိုးတန်းရှိ ကမ်း​ခြေ​စောင့်တပ်သားတို့မှာ အခုဆို အားအင်​လျော့နည်းသွား​လေသည်။

Cale သည်သူ၏နားထက်၌အနက်​ရောင်နဂါး​လေး၏အသံအား ကြားလိုက်ရသည်။

"ငါတို့​တွေ ဒီဟာကြီးကိုပါ ယူသွားကြမှာလား?"

ဒီဟာကြီး။

ထိုစကားလုံးက Cale ​နှင့်အတူ အနား၌ရှိ​နေ​ကြသော ​ရေခဲ​ဆောင်​ပေါ် မှ ​ဝေလငါးများအား တွန့်ခနဲဖြစ်သွား​စေခဲ့သည်။

ယင်း​​ဝေလငါးများမှာ အလိုအ​လျောက်ဆိုသလို Killer ​​ဝေလငါးကြီး Archie၊  Humpback ​ဝေလငါးများဖြစ်ကြ​သော Witira နှင့် Paseton တို့ပင်ဖြစ်​လေသည်။ သူတို့သုံးဦးသည် ​ဖြည်းဖြည်းချင်း တစ်ဖက်သို့လှည့်ကြည့်မိကြသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Unde poveștirile trăiesc. Descoperă acum