Chapter 220: Do Not Worry

513 112 3
                                    

အခန်း (၂၂၀): ​မစိုးရိမ်​လေနဲ့

Words Count: 4563

UNICODE

'အားနည်းတယ်?'

'အတိုက်အခိုက်​မှော်ပညာကိုပဲတတ်တယ်?'

Cale သည်​မျက်​မှောင်ကြုတ်သွား၏။

နဂါး​သွေး​နှော။

ယင်းကဲ့သို့ ဖြစ်တည်မှုအ​ကြောင်းအား ပထမဆုံးအကြိမ်အ​နေနှင့် အခုသူကြားဖူးခြင်းပင်။
တစ်ချိန်တည်း၌ စိတ်ကူးယဥ်ဇာတ်လမ်း​ပေါင်း​​သောင်း​ခြောက်​ထောင်မျှ ဖတ်ခဲ့ဖူး​သော ဝါရင့်စာဖတ်သူတစ်ဦးအ​နေနှင့် သူ၏မသိစိတ်တို့မှာ သူ့အား ​အသိ​ပေးပြောကြား​နေခဲ့သည်။

'နဂါး​သွေး​နှောက အားနည်းစရာ ဘာ​စောက်​ကြောင်းမှမရှိဘူး'

'စိတ်ကူးယဥ်​ဇာတ်လမ်း​တွေ​ တော်​တော်များများရဲ့ ​ဖိုင်နယ် ​ဘော့စ် ဆရာ့ ဆရာကြီးဆိုရင် အမြဲနဂါး​သွေး​နှော​​ကောင်​တွေချည်း မဟုတ်လား?'

Cale ၏မျက်နှာအမူအရာတို့သည် သူန်မှုန်လာသည်။

သူသည်ချက်ချင်းပင်စကားဆို၏။

"Choi Han! Mary! ထပ်လုပ်ဦး!"

Choi Han သည် ​လေထဲခုန်ပျံတက်ရန်အတွက် ချက်ချင်းနောက်သို့တစ်လှမ်းဆုတ် ဝိုင်ဗန်ကြီး၏​ကျောရိုးအား ​ခြေကုပ်ယူရန် အားဖြင့်ကန်လိုက်သည်။ Choi Han စီး​လာခဲ့​သော ဝိုင်ဗန်ကြီးသည် သူ့အား ပံ့ပိုးကူညီပေးရန် ပြန်လာသည်။

"Raon...အဲ့သူ​တောင်းစား ထွက်​ပြေးလို့မရ​အောင်လို့ ဒိုင်း​တွေကိုပိုပြီးထူထူလုပ်!"

"​ကောင်းပြီ ဟူးမန်း!"

​ရေပြင်တစ်ဝိုက်အား ​ကြည့်​နေရင်း ​ငွေ​ရောင်ဒိုင်းကာမှာ အရင်ကထပ် ပိုမိုထူထူထဲထဲဖြစ်လာ​နေသည်ကို Cale ​တွေ့ ​နေရ၏။

လူးလွန့်နေ​သော သမုဒ္ဓရာလိူင်းလုံးများ​နောက်လိုက်၍ သင်္ဘောတို့မှာ ခုတ်​မောင်း​နေဆဲ။ သို့​သော် ထိုထဲ၌ မသင်္ကာစရာတစ်ခုကို သူသတိထားမိသွားခဲ့သည်။

'...ဒီမှာတစ်ခုခု​တော့ရှိ​နေတယ်'

သူ၏ဒိုင်းကာကြီး​ပေါ် လာတည်းက ကမ်းစပ်ရှိသင်္ဘောများမှာ သမုဒ္ဓရာ​ရေနက်ထဲသို့ ထွက်မလာကြ။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now