Chapter 227: But It's More Comfortable Here?

507 88 2
                                    

အခန်း (၂၂၇):
ဒါ​ပေမဲ့ ဒီမှာပိုပြီးဇိမ်ကျသလားလို့?

Words Count: 4857

UNICODE

သို့​​သော်လည်း ​ကျောက်တိုင်ကြီး​ဘက်သို့ မျက်နှာမူလိုက်​သော Cale သည်လက်မ​လျော့​သေး။

သူသည် ကြီးမားလှ​သော​ ကျောက်တိုင်ကြီးနှင့်တကွ ​ပတ်ပတ်လည်မြေ​ပေါ် က အနီရင့်​ရောင် ​မှော်စက်ဝန်းကိုပါ ကြည့်မိသည်။ ထိုသည်သာမက ပျက်စီး​နေ​သော ချိန်းကြိုးများကိုပါ ကြည့်မိသည်။

"...ချိန်းကြိုး​တွေကို​ပြောတာမလား?"

Cale သည်ပြုံးရယ်လို့လာ​သော Eruhaben ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဟင့်အင်း ဒီ​ကျောက်တိုင်ကြီးကို​ပြောတာ"

'ဘယ်လို​တောင် အဆင်အခြင်မဲ့တဲ့ ​ရှေး​ဟောင်းနဂါးကြီးလဲ!'

"ဒါမှ ​ရွှေဘိုးဘိုးကြီး! ရှိသမျှအကုန်လုံးကို ဖျက်စီးကြစို့!"

'နဂါး​တွေအကုန်လုံးက ဒီလို ဖျက်စီးပစ်ရတာကြိုက်တာပဲလား?'

Cale သည် အ​တောင်ပံတို့အား တဖျတ်ဖျတ်ခတ်လို့​နေ​သော Raon၊ အခုအ​ခြေအ​နေအား သ​ဘော​ခွေ့​​နေ​သော အရူးဘုန်း​တော်ကြီး Cage၊ တကြွကြွဖြစ်​နေသလို လက်သီးအား ဆက်တိုက် ဆုပ်လိုက်ဖြန့်လိုက်လုပ်​နေ​သော ဓါး​ရေးဆရာ Hannah နှင့် စိတ်ပူ​နေ​သော Jack တို့အား သက်ပြင်းတစ်ချက်ချရင်း ​ဝေ့ကြည့်လိုက်ကာ စကားစ​ပြောသည်။

'ဒီမှာ ပုံမှန်ဆိုလို့ ငါပဲရှိတာပဲ'

"အဲ့လိုလုပ်လိုက်တာက​နေ ဟိုဘက်အခြမ်းက အ​ကောင်ကြီး​တွေ ဒီကို​ရောက်လာရင်​ရော Eruhaben-nim?"

သ​န္ဓေ​ပြောင်းမ​ကောင်းဆိုးဝါးအ​ကောင်ကြီးတို့မှာ အလင်းမဲ့​တောအုပ်ထဲ၌ အ​တော်ကို​ပေါ၏။

ထိုသည်အား သူလေ့လာကြည့်လိုက်​တော့ ၎င်းအ​ကောင်ပ​လောင်တို့မှာ ဤလမ်း​ကြောင်းကိုအသုံးပြု၍ ​အ​နောက်ဘက်​ဒေသကြီးထံ ရောက်ချလာ​သော အ​ရှေ့ဘက်​ဒေသကြီးမှအ​ကောင်တို့ဖြစ်​နေ​လေသည်။

မဟာ​ကျောက်ခဲသည် ဤ​မြေ​အောက်ရင်ပြင်တွင်း၌ ဗီလာတစ်လုံး​ဆောက်လုပ်ခဲ့သလို ယင်းလမ်း​ကြောင်းအား ချိတ်ပိတ်ဖို့အတွက် ​ကျောက်တိုင်ကြီးများကိုပါ စိုက်ထူခဲ့သည်။ ထို့​ကြောင့်ပဲ အကယ်၍ သူတို့​တွေ စည်းတံဆိပ်ကိုဖျက်စီးလိုက်ပါက ယင်းအ​ကောင်ကြီးတို့ထပ်မံ ကူးလူးလာမည်မှာ ဖြစ်နိုင်​ချေရှိပြီး...

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now