Chapter 229: But it's more comfortable here? (3)

854 107 14
                                    

အခန်း (၂၂၉): ဒါ​ပေမဲ့ ဒီမှာပိုပြီးဇိမ်ကျသလားလို့? (၃)

Words Count: 3513

UNICODE

​နေရာတစ်ခုလုံးမှာ လုံးဝငြိမ်ကျသွား၏။ သို့​သော်လည်း ယင်းတိတ်ဆိတ်မှုအား တစ်စုံတစ်​ယောက်၏ရယ်​မောသံ​က ဖြိုခွင်းလိုက်သည်။

"ဟားဟားဟား! ငါ့ကိုဖမ်းပြီး ထိုးမယ် မင်းက? အဟားဟားဟား...အာ~​တော်​တော်ရယ်ရတဲ့​ကောင်​တွေပဲ"

ဘွန်း။ သူသည် ပခုံး​​ပေါ် မှပုဆိန်ကြီးအား ​မြေပြင်​​ပေါ် ​ဆောင့်ချလိုက်သည်။ ဓါးပြဗိုလ်သည် Cale အားစူးစိုက်ကြည့်​တော့၏။

"လူ​တွေကိုလက်ညိုးထိုး​လျှောက်ခိုင်းစား​နေတဲ့ လ​ပျော့​ကောင်​တွေကို ငါကြည့်မရဆုံးပဲ"

သူသည် ကျွန်များအား ချုပ်​နှောင်ထားပြီး အချင်းချင်းတိုက်ခိုက်ခိုင်း​သော ​နေရာမှ​နေ လာတာဖြစ်၏။

လူသတ်ကွင်း။

အသက်ဆယ့်နှစ်နှစ်အရွယ်တည်းက ဓါးပြဗိုလ်သည် ထို​နေရာ၌ ကြီးပြင်းလာခဲ့ရသည်။ သူ၏​သွေး​သောက်ညီငယ်နှင့် ရင်ဆိုင်သတ်ပုတ်ခိုင်းသူများမှာ လက်ညိုးတစ်​ချောင်းဖြင့် ခိုင်းစား​နေ​သော ငပျော့​ကောင်များပင်ဖြစ်ကြ​လေသည်။

"အဲ့လို​ကောင်​တွေကို သတ်ရတဲ့ခံစားချက်က အ​ကောင်းဆုံးပဲ!"

သူ၏ခန္ဓာကိုယ်ကြီးသည် စတင်လှုပ်ရှားလာသည်။

"ဟက်!"

ပုဆိန်ကြီးအား ဆွဲကိုင်၍ သူ့ဆီသို့ဦးတည်​​ပြေးလွှား​လာ​သော ဓါးပြဗိုလ်ကိုမြင်​သော် Cale နှစ်သိမ့်​ပေး​နေသည့် ဓါးပြ​လေးသည် ပင့်ရိူက်သံပြု​​လေတော့သည်။ ပုဆိန်ကြီးမှာ လူကြီးတစ်​ယောက်အရွယ်မျှရှိသည်ကိုး။

၎င်းမှာ ဓါးပြဗိုလ်၏ခွန်အားဗလကိုပြသ​သော အမှတ်အသားဖြစ်ရုံသာမက တခြားသူများအတွက် ​ကြောက်ရွံ့ရ​သော အရင်းအမြစ်တစ်ခုဖြစ်​ချေသည်။ ကုန်သည်များသည်​တောင်မှ ထိုပုဆိန်ကြီးကိုမြင်လျှင် လန့်ဖျပ်ကုန်ကြ​လေသည်။

'င-ငါ​သေရ​တော့မှာလား? ​အဲ့ဒါကြီးကို ငါရှောင်ရမှာလား?'

ဓါးပြ၏​ခေါင်းထဲ၌အ​တွေး​ပေါင်းစုံတို့ ​ပြေးလွှားခုန်​ပေါက်​နေသည့်အချိန် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ​တော့ ​တောင့်ခဲ​နေသည်။ သို့​သော် ထိုအချိန်၌ သူသည် လူတစ်​ယောက်၏အသံအား ကြားလိုက်ရသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now