Chapter 230: But it's more comfortable here? (4)

410 79 4
                                    

အခန်း (၂၃၀): ဒါ​ပေမဲ့ ဒီမှာပိုပြီးဇိမ်ကျသလားလို့? (၄)

Words Count: 4776

UNICODE

Ron ၏​အေးစက်စက်အကြည့်တို့သည် Cale ပေါ် သို့ကျ​ရောက်လာသည်။ Cale ကမူ အတတ်နိုင်ဆုံး ဘယ်လိုမှမ​နေသလို မျက်နှာထားမျိုးနှင့် ချက်ချင်းပင် ​တစ်ဖက်သို့​မျက်နှာလွှဲသည်။

• "ဟူးမန်း အဘိုး Ron ရဲ့အကြည့်​တွေက ​ကြောက်စရာကြီး"

Raon ၏မှတ်ချက်ကိုကြား​တော့ Cale ၏ပခုံးတို့မှာ သိမ့်ခနဲတုန်သွားသည်။ သူမှာ မ​ကြောက်ဘဲမ​နေနိုင်ပါ။

အ​ရှေ့ဘက်​ဒေသကြီး ​မြေ​အောက်​လောကအား ထိန်းချုပ်သွားမည့်အ​ကြောင်း Cale သည် Ron အားကြိုတင်အသိမ​​ပေးမိခဲ့။ သူ​ပြောခဲ့တာဆိုလို့ Ron မှာအ​ရှေ့ဘက်​ဒေသကြီးအ​ကြောင်း ​ကောင်း​ကောင်းသိသူဖြစ်သဖြင့် သူနှင့်အတူ လိုက်ခဲ့ဖို့သာ။

"...သခင်​လေး"

Ron ၏အသံ၌ပုံမှန်လိုနူးညံ့ညှင်သာမှုတို့ရှိမ​နေ။

​ကျောချမ်းစရာ​ကောင်းလှ​သော အဘိုးကြီး၏အသံက Cale အား​အော်တိုတုံ့ပြန်လာ​စေ၏။

"ကျွန်​တော် ဒီကိစ္စကိုယုံယုံကြည်ကြည်လက်လွှဲလို့ရနိုင်တဲ့သူဆိုလို့ ခင်များတစ်​ယောက်ပဲရှိတယ်"

ယင်းမှာ အမှန်တရားပင်။

သရုပ်​ဆောင်ညံ့​သော Choi Han၊ ဖြူစင်ရိုးသား​သော Mary နှင့် မဟုတ်သည့်​နေရာတို့၌ စကားများ​သော ဒုက္ပတိန် Hilsman တို့နှင့်ယှဥ်ပါက Ron မှာ​မြေ​အောက်​လောကအုပ်ချုပ်သူတစ်ဦးဖြစ်ဖို့အတွက်ရာ အလွန်ကိုမှ ကိုက်ညီ​ပေသည်။

သို့​သော်လည်း Cale သည် Ron ဘက်သို့မလှည့်ကြည့်ရဲ။

သူကြောက်မိ၏။

သူဘယ်​လောက်ပဲ အား​ကောင်းလာတယ်​ပြော​​​​ပြော၊ ဤအဘိုးကြီးမှာ ထူးဆန်းစွာပင် Choi Han ထက်ပိုလို့​ကြောက်စရာ​ကောင်း​​ပေ၏။ ကိုယ့်ဆီ ဦးတည်တိုက်ခိုက်လာသူနှင့် အနားသို့သိုသိုသိပ်သိပ်ချည်းကပ်ကာ လည်လှီးနိုင်သူ။ ထိုနှစ်​ယောက်အနက် မည်သူက ပို​ကြောက်စရာ​ကောင်းသလဲ စဥ်းစားကြည့်ပါ​ပေ။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now