Chapter 221: Do Not Worry (2)

441 107 2
                                    

အခန်း (၂၂၁): ​မစိုးရိမ်​လေနဲ့ (၂)

Words Count: 3680

UNICODE

• "မင်းကိုယ့်ကိုယ်ကိုယ်စ​တေးမလို့လား?"

• "ငါ ဒါကိုစားလို့ရလား?"

Cale သည်မဟာ​ကျောက်ခဲနှင့် အစားကျူးတို့အား လျစ်လျူရှူလိုက်သည်။ ထို့​နောက် သူသည် သူ၏လက်သီးဆုပ်အား ဖွင့်လိုက် ဖြန့်လိုက် လုပ်မိသည်။

'သုံးကြတာ​​​ပေါ့'

သူသည် မီးလျှံမိုးကြိုးအား အသုံးပြုဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ မိုးကြိုးသွားများမှာ ​ရေထက်စာလျှင် ပိုမိုအား​ကောင်းတတ်သည်။ ထို့​ကြောင့်ပဲ Mage ​​၏မိုးကြိုးများအား ဖျက်စီးဖို့ရန်အလို့ငှာ သူသည် မီးလျှံမိုးကြိုးသွားအား အသုံးပြုသွားရန် လိုအပ်သည်။

တခြားသူများ ထိခိုက်ဒဏ်ရာရ​နေချိန် သူသည် ဒီတိုင်း ​နောက်ဆုတ်ကာ ရပ်မကြည့်​နိုင်ပါ​ပေ။

​ဖြောက် ​ဖြောက်။

မီးလျှံမိုးကြိုးမှာ Cale လက်​ဖဝါးထက်၌ အားပြင်းပြင်းဖြင့် မွှေ့ရမ်းနေလျက်။

တစ်ချိန်တည်းမှာပင် သူ၏​ခေါင်းထက်ရှိ ​ကောင်းကင်ယံမှာ စတင်အသံမြည်လာသည်။

ဂျိမ်းးးးးး။

ထိုအသံက Choi Han အား​​မော့ကြည့်​စေလာခဲ့သည်။ သူသည် ကြည်လင်​နေ​သော ​မိုးကောင်းကင်အား မြင်​တွေ့ ​နေရသည်။ ထိုအချိန် Raon သည်သူ့​ခေါင်းထဲစကားလာ​ပြော၏။

• "Choi Han ငါတို့ရဲ့ဟူးမန်းက​ပြောတယ်...သူမီးမိုးကြိုးကိုသုံးပြီး ပစ်ချလိုက်မယ်တဲ့...ဒါမဲ့ စိတ်မပူနဲ့ တကယ်လုပ်​ပေးသွားမယ့်သူက ငါမို့လို့...ငါကနည်းနည်း ကြီးကျယ်မြင့်မြတ်တယ်​လေ!"

က​လေးငယ်၏တရစပ်စကားဆိုသံမှာ သူ၏​ခေါင်းထဲပြည့်နှက်လာသည်။ သူ့အတွက် ထိုသည်မှာ စိတ်အ​နှောင့်အယှက်ဖြစ်စရာ အသံမျိုးဖြစ်ရမည် မှန်​သော်လည်း Choi Han သည်အသာအယာပြုံးလိုက်ပြီး သူ၏ဓါးအား လွှဲချလိုက်သည်။

ရွှက်—။

အ​ရောင်အဝါနက်သည် ကုန်းပတ်၏အစိတ်အပိုင်းတစ်ခုအား ဖြတ်ပိုင်းချသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now