Chapter 215: Reversal

631 118 7
                                    

အခန်း (၂၁၅): အတုံ့အလှည့်

Words Count: 5859

UNICODE

စစ်သားလေးတစ်ဦးသည် ​ရင်​လေးစွာသူ၏လှံတံအား ကျစ်ကျစ်ပါ​အောင် ဆုပ်ကိုင်လျက် ​လှေကားပေါ် တက်လိုက်သည်။

​ဒေါက် ​ဒေါက် ​ဒေါက်။

ဤခိုင်ခံ့လှ​သော​ ကျောက်​လှေကားထစ်များ​ပေါ် သို့ သူသည် မ​ရေတွက်နိုင်​အောင် နှစ်​ပေါင်းများစွာ နင်း​လျှောက်ဖြတ်သန်းခဲ့ဖူး​လေသည်။ သို့​သော် ၎င်း​လှေကားထစ်များ​ပေါ် တက်​နေရင်း သူ၏မျက်နှာအမူအရာမှာ ပုပ်သိုး​နေ​သော အစားအစာအား စားမိသကဲ့သို့ ရှုံ့တွ​မှောင်ကုတ်​နေ၏။

'ဒီတိုင်းဘာလို့လဲ?!'

သူ့​ရှေ့၌​ရှိ​နေ​သော စစ်သားတစ်ဦး၏ပခုံးအ​ကျော်က​​နေမှ အပြင်ဘက်သို့ သူလှမ်း၍မြင်​နေရ၏။

ထို့​နောက် သူသည်ထွက်​ပေါက်ကနေမှထွက်လိုက်၏။

ဝှီး — ။

​အေး​မြလှ​သော​ လေအ​ဝှေ့တစ်ချက်သည် သူ၏ပါးပြင်နှစ်ဘက်အား ရှပ်ဖြတ်တိုက်ခတ်သွား၏။

သူ့အ​ရှေ့၌​ ဟင်းလင်းပြင်ကျယ်ကြီးတစ်ခုရှိ​နေသည်ကိုလည်းသူ​တွေ့​ ​နေရ၏။

လီယိုနာရဲတိုက်။

ဤရဲတိုက်ကြီးအား ဝန်းရံ​နေ​သော တာဝါ​မျှော်စင်သုံးခုလည်း ရှိ​နေသည်။ ​တောင်ပိုင်းတာဝါ၏ရဲတိုက်တံတိုင်း​ပေါ် ၌ တာဝန်ကျ​သော စစ်သား​လေးသည် ​ကွေးကုပ်သွား၏။

'အင်ပိုင်ယာ နဲ့ အလယ်ပိုင်း​နေရာ​တွေအစား ဘာလို့ Roan တိုင်းပြည်ဘက်အခြမ်းကိုမှ ငါကျရတာလဲ?!'

စစ်သား​လေးမှာ ​တောင်ပိုင်းတာဝါ၌တာဝန်ကျ​သော စစ်သားအချို့ထဲမှတစ်ဦးဖြစ်သည်။ သူတို့နှင့်တင် လုံ​လောက်သည်ဟူ၍ Roan တိုင်းပြည်သည် ပြောကြားခဲ့​သော်ညား ဗဟိုတပ်အင်အားစုဆီမှ ညွှန်ကြားချက်တို့ ပြန်လည်သတင်း​ပေးပို့ရန်အတွက် စစ်သားအနည်းငယ်လိုအပ်​ကြောင်း ​​တောင်းဆိုလာခဲ့သည်။

စစ်သား​လေး၏အဓိကတာဝန်မှာ သတင်းတို့ပေးပို့ပြန်ကြားရန် နှင့် တခြားအ​ထွေ​ထွေကိစ္စရပ်တို့အား ​ဆောင်ရွက်ရန်ဖြစ်သည်။ ဒါ​ပေါ့ လိုရမယ်ရ သူ့လက်တွင်​တော့ လှံတံတစ်​ချောင်းရှိ​နေသည်​။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now