UNICODE
ဟယ်လို ထုံးစံအတိုင်းမိတ်ဆက်လေးအရင်စပါမယ် (ノ・ェ・)ノ
'မြို့စားကြီးမိသားစုရဲ့ဆန်ကုန်မြေလေး' ခေါင်းစဥ်နဲ့ ဝတ္ထုတွဲဟာ အခုဆိုရင် ဇာတ်ရှိန်မြင့်အပိုင်းတွေကို ဝင်ရောက်လို့လာပါပြီနော်။ ဒါကြောင့် ၂၀၀ ကနေ ၃၀၀ ကြားအပိုင်းတွေဟာ အင်မတန်ကိုမှရှည်ပြီး ဘာသာပြန်ရတာ စိန်ခေါ် မှုရှိလာတာကြောင့် Update သည် ကြာကောင်းကြာနိုင်လောက်ပါတယ်။
ကိုယ်တိုင်ကလည်း စေ့စေ့စပ်စပ် အထပ်ထပ်အခါခါစစ်ပြီးမှ စာဖတ်သူလက်ထဲ ထည့်ပေးချင်တာကော၊ ဖတ်တဲ့သူတွေကို စာရေးသူရဲ့ဆိုလိုရင်း အနှစ်သာရတွေကို အမိအရ ဖတ်နိုင်အောင် ဘာသာပြန်ပေးလိုတာကြောင့်ကော အပိုင်းတိုင်းကို သေချာအချိန်ယူပြီး ဘာသာပြန်ပေးသွားမှာပါ။ ဒါကြောင့် အရင်ကရော အခုရောစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပေးကြတဲ့ စာဖတ်သူတိုင်းကို ဒီကအရမ်းကျေးဇူးတင်မိပါတယ်
(๑꒦ິ ̼ ꒦ິ๑)📍 ဇာတ်လမ်းအကြောင်း
အပိုင်း ၁၀၀ ကနေ ၂၀၀ အတွင်း Cale တစ်ယောက် ရှာဖွေစုဆောင်းလာတဲ့ပြသနာတွေရဲ့ အထုပ်ဖြည်ခန်းကိုပြောပါဆို ဒီ ၂၀၀ နဲ့ ၃၀၀ ကြားကို ပြောရမှာပါပဲ။
အကြောင်းကတော့ ဒေသကြီးတွေရဲ့သမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံးပါဆိုတဲ့ စစ်ပွဲကြီးတွေက ဒီအပိုင်းတွေမှာဖြစ်နေလို့လေ။
ဒူးလေးနှံ့ ယပ်လေးခတ်ပြီး ဇိမ်လေးနဲ့နေချင်ပါတယ်ဆိုတဲ့ ကိုကို Cale ရဲ့အိပ်မက်လေး အဝေးဆုံးကိုပြေးထွက်သွားတဲ့ အပိုင်းတွေပေါ့
(〜^∇^)〜📍 ဖတ်ရမယ့်အဓိကဇာတ်ကြောင်းကြီးတွေက
- Ubarr ရေကြောင်းတိုက်ပွဲ (၂)
- နဂါးလိုက်မုဆိုးနဲ့ပြန်လည်တွေ့ ဆုံခန်း
- Paerun တိုင်းပြည်ကို သူလျှိုအသွင်ပြောင်းခန်း
- Caro တိုင်းပြည် မန်နာသေတိုက်ပွဲ (၃)
- သေမင်းချောက်ကမ်းပါးတိုက်ပွဲ (၄)
- Raon ရဲ့ ပထမကြီးထွားဆင့်ရောက်ရှိခန်း
- ရေရှေးဟောင်းစွမ်းအင်ရှာဖွေခန်း
YOU ARE READING
❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်မြေလေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)
Fantasy🔅 𝗭𝗮𝘄𝗴𝘆𝗶 & 𝗨𝗻𝗶𝗰𝗼𝗱𝗲 𝗔𝘃𝗮𝗶𝗹𝗮𝗯𝗹𝗲 𝐁𝐨𝐨𝐤 𝐈𝐈𝐈 𝗦𝘁𝗮𝘁𝘂𝘀📍 - 𝙾𝚗𝚐𝚘𝚒𝚗𝚐 💨 ✅ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗚𝗿𝗼𝘂𝗽 𝗔𝘃𝗮𝗶𝗹𝗮𝗯𝗹𝗲 ᴍʏᴀɴᴍᴀʀ ᴛʀᴀɴꜱʟᴀᴛɪᴏɴ ᴏꜰ - "𝐓𝐫𝐚𝐬𝐡 𝐎𝐟 𝐓𝐡𝐞 𝐂𝐨𝐮𝐧𝐭'𝐬 𝐅𝐚𝐦𝐢𝐥𝐲" [သူရဲကောင်းတစ်ယောက...