Chapter 210: Now You Get It

626 115 2
                                    

အခန်း (၂၁၀): ​ ကဲ အခုသ​ဘော​ပေါက်ပြီလား?

Words Count: 5419

UNICODE


အိမ်​ရှေ့စံ နှင့် စကား​ပြောပြီး​နောက်တစ်​နေ့  Cale သည်သူ၏ရုံးခန်းထဲသို့ လူစုခိုင်းခဲ့သည်။

ပိတ်ထား​သော ရုံးခန်းတံခါးအား ဖွင့်လိုက်​တော့ -

ကလစ်။

တံခါးသည် တိုးတိတ်​သောအသံဖြင့် ပွင့်ဟလို့သွား၏။ Cale သည် ရုံးခန်းအတွင်းအားမြင်၏။

"ဗိုလ်ချုပ်ကြီး ​ရောက်လာပြီပဲ"

ရုံးခန်းအတွင်းထဲ၌ ဘဲဥပုံသဏ္ဍာန်စားပွဲရှည်တစ်ခုရှိ၏၊ ၎င်းစားပွဲ၌ထိုင်​နေ​ကြသူများအားလုံးသည် Cale အား ထနူတ်ဆက်သည်။

Ubarr နယ်​မြေသခင်မကြီး၊ ပထမရဲမက်တပ်ဖွဲ့ ၏​ခေါင်း​ဆောင်ကပ္ပတိန်၊ Mage တို့၏ ကပ္ပတိန် Tasha နှင့် ရုပ်သံဆက်သွယ်​ရေးစက်များ နှင့် မှတ်တမ်းထိန်းသိမ်းခြင်း တို့အတွက် တာဝန်ယူထားရ​သော သခင်မ​လေး Amiru နှင့်တကွ အ​ရှေ့​မြောက်​ဒေသ ရေတပ်အ​ခြေစိုက်စခန်း၏ အ​ရေးကြီးပုဂ္ဂိုလ်အချို့ပါ ရုံးခန်းတွင်း၌ ရှိ​နေကြသည်။

သူတို့၏မျက်နှာအမူအရာများမှာ သိပ်မ​ကောင်းကြ။ စားပွဲ၏​ခေါင်းဦးပိုင်းသို့ ဦးတည်​လျှောက်လာရင်း Cale သည် သူတို့အား ​ထိုင်ရန် အမူအရာပြလိုက်​သော် ထိုသူတို့သည် ​​ခေါင်းအား အနည်းငယ်မျှငုံ့၍ အရိုအ​သေ​ပေးလာကြသည်။

"ဗိုလ်ချုပ်ကြီး စားပြီးပြီလား?"

"ထမင်းစားလာ,လား ဗိုလ်ချုပ်ကြီး?"

'...ဘာလား?'

မျက်နှာထားခပ်တည်တည်ဖြင့် ထိုသို့ သူ့အား ဝိုင်း၍နူတ်ဆက်စကားဆိုသည်ကို ကြားလိုက်ရ​​သော် C​ale သည် စိတ်ထဲခိုးလိုးခုလုဖြစ်သွား၏။

'ငါထမင်းစားပြီးပြီလားဆိုတာကို သူတို့​တွေ ဘာလို့ အဲ့​လောက် ဂရုစိုက်​နေကြတာလဲ?'

'ဒါအခုတ​လော ​ခေတ်စား​နေတဲ့ စကားများလား?'

Cale သည်ဟန်မပျက် ​ခေါင်းအားအသာငြိမ့်ပြရင်း ထိုင်ခုံ​​နေရာ၌ဝင်ထိုင်လိုက်သည်။ သူ​နေရာ၌ဖင်ချထိုင်လိုက်သည်နှင့် Ubarr နယ်​မြေသခင်မကြီးသည် စ,စကား​ပြော​တော့သည်၊

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now