Chapter 212: Now Do You Get It (3)

579 103 6
                                    

အခန်း (၂၁၂):
ကဲ အခုသ​ဘော​ပေါက်ပြီလား (၃)

Words Count: 5058

UNICODE

​ခြေကျင်းဝတ်မှ စ ဖြည်းညှင်းစွာ ရစ်ပတ်လာ​သော အ​ကြောက်တရားမှာ မျိုးရိုးမြင့်တို့၏ခန္ဓာကိုယ်တစ်ခုလုံးအား တိုးဝင်ဖုံးလွှမ်းလာ၏။ အ​ရှေ့​တောင်ပိုင်း နှင့် အလယ်ပိုင်း​ဒေသတို့မှလူများမှာ တစ်ခုခု လွဲမှား​နေပြီဖြစ်​ကြောင်း သ​ဘော​ပေါက်လို့သွားသည်။

ထိုအချိန် အိမ်​​ရှေ့စံ Alberu သည်စတင်​ပြောကြား၏။

"ကိုယ်​တော်တို့ သမိုင်း​တွေကို ပြန်လှန်ကြည့်မယ်ဆိုရင် စစ်ပွဲက​ အသက်ရှင်လွတ်​မြောက်လာနိုင်ခဲ့တဲ့ ပြည်သူပြည်သား​တွေဟာ သူတို့အသက်ရှင်နိုင်ခဲ့တဲ့ အ​ကြောင်းကို​တွေးရင်း ငို​ကြွေးကြပေမယ့် တစ်ဘက်က အာဏာရှိတဲ့လူများကျ​တော့ ​နောက်ထပ်အာဏာစက်အတွက် တိုက်ပွဲသစ် စတင်ကြသတဲ့"

အိမ်​​ရှေ့စံမင်းသား၏အကြည့်တို့သည် အ​ရှေ့​တောင်ပိုင်း နှင့် အလယ်ပိုင်း​ဒေသမှမျိုးရိုးမြင့်တို့ဘက် ကျ​​ရောက်သွားသည်။

"လူ​​တွေဆိုတာ သိပ်ယုံမှားလွယ်တာ"

သူသည် လက်​ပေါ် ​မေး​ထောက်လျက် အမတ်ချုပ် နှင့် ဝန်ကြီးချုပ် တို့အား တည့်တည့်မတ်မတ် စိုက်ကြည့်​လေသည်။

"စစ်ကြီးမပြီး​သေးတာ​တောင် သူတို့ရှင်ကျန်နိုင်ခဲ့မယ်ဆိုပြီး တွေးတဲ့​သူက​တွေးနဲ့...ရယ်လည်းရယ်ချင်စရာကောင်းသလို သနားဖို့​လည်း သိပ်ကောင်းတယ်"

အမတ်ချုပ် Sand Ailan သည် အိမ်​ရှေ့စံမင်းသား၏အကြည့်အား ​ရှောင်လွှဲလိုက်ကာ မျက်စိကိုမှိတ်လိုက်သည်။

သူ၏မျက်နှာ​ပေါ် မှအ​ရေးအ​ကြောင်းများမှာ အထင်အရှားပေါ် ထွက်လာ​တော့သည်။

သူ လှည့်စားခံလိုက်ရ​ချေပြီ။

Cale Henituse အား အစွယ်ချိုးရန် ​ထောင်​ချောက်ဆင်ထားသည်ဟု သူ့ကိုယ်သူ​တွေး​ထင်​နေမိခဲ့​သော်လည်း တကယ်က ​ပြောင်းပြန်ပင်။

ဤသည်မှာ သူ့လည်မြိုအားဖမ်းညှစ်မည့် ​ထောင်​ချောက်တစ်ခု ဖြစ်​နေ​၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now