Chapter 201: The Ocean Is...

1.3K 161 10
                                    

အခန်း (၂၀၁): သမုဒ္ဓရာကြီးက...

Words Count: 4686

UNICODE

​ဒေါက် ​ဒေါက်။

Cale သည်မြန်ဆန်စွာ​ ကျောက်တုံး​​လှေကားမှတစ်ဆင့်​ အောက်သို့ဆင်းလိုက်သည်။ သူ့​​ဘေး၌ရှိ​နေ​သော Basen Henituse သည် သူနှင့်အတူ​လိုက်လျှောက်ရင်း တင်ပြစရာရှိသည်အားတင်ပြ​နေ၏။

"အ​ရှေ့​မြောက်သမုဒ္ဓရာပြင်ရဲ့ပထမနယ်နိမိတ်ဆီက ရန်သူ့သင်္ဘော​​တွေကို ​ဝေလငါးမျိုးနွယ်စုက​ တွေ့ ခဲ့တာပါ"

အ​ရှေ့​မြောက်ဘက်သမုဒ္ဓရာ​ရေလမ်းကြောင်း၏ ပထမနယ်နိမိတ်။

အနှီတည်​နေရာမှာ Norland တိုင်းပြည်နှင့်အလင်းမဲ့​တောအုပ်ကြားမှနယ်နိမိတ်ထိစပ်ရာ​နေရာပင်။

"သူတို့​က​ အ​တော်​လေးကို အမြန်ကြီး​ရွေ့​နေကြတာမို့ ​နောင်နှစ်ရက် သုံးရက်​​လောက်​နေရင် Roan ဆီ​ရောက်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်"

Basen သည် အကျိုးအ​ကြောင်းအား​ ပြောပြတင်ပြရင်းဖြင့် သူ့အစ်ကိုအား ဆက်တိုက်အကဲခတ်​နေမိသည်။

'သူ​ကသွေး​​တွေကိုသုတ်​တောင်မသုတ်ရ​သေးဘူး....!'

Cale မှာ​သွေးတို့ဖြင့်​ပေကျံရက်သား လမ်း​လျှောက်လို့​နေ၏။ တိုက်ပွဲမှာ အ​စောန​လေးကမှပြီးသွားတာဖြစ်သော်လည်း Cale မှာ အနားယူခြင်းမရှိ လှုပ်ရှားသွားလာ​နေသည်ကို မြင်ရ​တော့ Basen သည်အံကိုကြိတ်ရင်း သူတင်ပြစရာရှိသည်အား ခပ်မြန်မြန်​ပြောကြားလိုက်သည်။

"Ubarr နယ်​မြေသခင်မကြီး နဲ့ Gilbert နယ်​မြေသခင်ကိုယ်စားပြုတို့က အခုတပ်ကူ​တောင်းထားပါတယ်"

Cale သည် Basen ၏တင်ပြချက်အားနား​ထောင်ရင်း စကား​ပြောလာ၏။

"အရှင့်သား"

• "...အင်း"

Basen မှာလက်ထဲ၌ရုပ်သံဆက်သွယ်​ရေးစက်တစ်လုံးအားကိုင်ထားဆဲ။

ယင်းစက်သည် အိမ်​ရှေ့စံ Alberu Crossman နှင့် တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်၏။

သူ၏အ​ဖေ မြို့စားကြီး Deruth Henituse သည် အခုကို​ အ​ရှေ့​မြောက်နယ်​မြေမှမျိုးရိုးမြင့်များ အပါအဝင် တစ်တိုင်းပြည်လုံးမှမျိုးရိုးမြင့်များနှင့်ထိပ်တိုက်​တွေ့ ​နေ၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now