Chapter 219: Reversal (5)

661 120 7
                                    

အခန်း (၂၁၉): ​အတုံ့အလှည့် (၅)

Words Count: 3870

UNICODE

တစ်ချိန်တည်း၌ သူသည်​အ​တွေးဝင်မိသည်။

'​တော်​တော်​တော့ စိတ်ရူပ်စရာ​​ကောင်းလာ​မှာ'

Cale သည် သူ့လက်ဖဝါးထက်ရှိ ​လေရူး​​ခေါ် သံအား ငုံ့ကြည့်လိုက်သည်။

'​နောက်ရှေး​ဟောင်းစွမ်းအင်တစ်ခုကိုပါ ထုတ်ပြလိုက်မယ်ဆို ​တော်​တော့်ကို စိတ်ရူပ်စရာ​ကောင်းလာမှာ'

သူ၏ဒိုင်းကာနှင့်ပတ်သတ်၍ လူတို့မှာရူးခါ​နေနှင့်ပြီးဖြစ်ကာ ဤစွမ်းအင်ကိုပါ ထုတ်ပြလိုက်မည်ဆိုလျှင် လူ​တွေက သူ့ကို ဖိအား​ပေး မျိုးစုံမခိုင်း​​စေလာ​လောက်ဘူးလား။

'...ဗိုလ်ချုပ်ရာထူးနဲ့ပဲ ငါတကယ်ရပ်နိုင်ပါ့မလား?'

ရုတ်ချည်း Cale သည်​ကြောက်လန့်လာသည်။

မသိလျှင် သူ၏တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ဘဝမှာ သူနှင့်​အ​ဝေးတက အ​ဝေးဆုံး ပျံသန်းထွက်​ပြေးသွားသကဲ့သို့ သူခံစား​နေရသည်။

အင်မတန်ကိုမှ အလုပ်ရူပ် အလုပ်များခဲ့​ရ​သော သူ၏ Rok Soo ဖြစ်ခဲ့​​သော အချိန်တို့အား သူပြန်စဥ်းစားမိသည်။ ထိုတုန်းကလည်း အဖွဲ့ ​ခေါင်း​ဆောင်ဖြစ်ပြီး​နောက် သူသည် အ​သေအလဲ အလုပ်လုပ်ခဲ့ရသည်။ သူ၏ဘဝမှာ ​နေ့တိုင်းလိုလို နာကျင်ကိုက်ခဲမှုတို့အပြည့်။

'ဒါ​ပေမဲ့လည်း ငါမလုပ်ဘဲ​နေလို့ရတာမှမဟုတ်တာ...တခြားနည်းလမ်းထပ်မရှိ​တော့ဘူးလား?'

Choi Han ​ရော သူ​ရော ကိုယ်​ပျောက် Raon ​လေး၏အသံကို ကြားလာရချိန်မှာ​တော့ Cale သည် မျက်​မှောင်ကြုတ်မိသွားခဲ့သည်။

• "အားနည်းတဲ့ဟူးမန်း! ငါလည်းလုပ်​ပေးမယ်! ငါ့​ရေဝဲကြီး​တွေက တကယ့်ရှယ်ဧရာမကြီး​တွေဖြစ်​စေရမယ်! သူတို့အားလုံးကို ကယ်ကြစို့!"

ဧရာမကြီး။

ထိုစကားလုံးသည် Cale ​ခေါင်းထဲ၌ပဲ့တင်ထပ်သွား၏။

အရင်တစ်​ခေါက် Roan တပ်ဖွဲ့ စု​ရှေ့၌ သူလျှို့ဝှက်ထားနိုင်ခဲ့သည်က ထိုအချိန်က မြူထုတို့ရှိ​နေခဲ့၍ပင်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now