Chapter 204: The Ocean Is... (4)

661 132 10
                                    

အခန်း (၂၀၄): သမုဒ္ဓရာကြီးက...(၄)

Words Count: 4699

UNICODE

ဒါ​ပေါ့ ဒီ​ပြောပြီးစကားတည်တဲ့အကျင့်က Cale ရဲ့ကိုယ်ပိုင်အ​တွေးအ​ခေါ် တစ်မျိုး​လေ။

ဘမ်းးးးးး!!

​လေဆင်နှာ​မောင်းကြီးသည် ထိုး​တက်ထွက်လာကာ သင်္ဘောနှင့်ဝင်​ဆောင့်သည်။ သင်္ဘောရွက်တိုင်သည် လှုပ်ခါကာ တစ်ဖက်သို့တိမ်း​စောင်းကျလာ၏။

သည့်​နောက်​တော့။

"အားးးးး!"

သံမဏိမဟာမိတ်တပ်ဖွဲ့ ကြီးမှာ ​​လေ​ကြောင်းက​နေ​ရော ​ရေ​ကြောင်းကပါ နှစ်ဖက်ညှပ် တိုက်ခိုက်ခံ​နေရ​သော်လည်း တိုက်ခိုက်​နေသည့်ရန်သူကိုမူ မတွေ့ ​မမြင်ရ​ပေ။ နဂါးလိုက်မုဆိုး ထိုသူတစ်ဦးတည်းသာ သူ့​ရှေ့ရှိရန်သူတို့အားမြင်နေရ၏။

​ခေါင်း​​ဆောင်းဝတ်ရဲမက် တစ်နည်း နဂါးလိုက်မုဆိုးသည် သမုဒ္ဓရာဘက်သို့လှည့်ကြည့်ရင်း ဆွံ့ အသွား၏။

ဆက်တိုက်ဆိုသလို သူသည် ပစ္စည်းတို့ကျိုးပဲ့ပျက်စီးသံကို ကြား​နေရသည်။ သည့်အပြင် လူတို့၏​အော်ဟစ်သံများကိုလည်း သူကြား​နေရ​သေးသည်။

ရန်သူများရှိမ​နေ​သော်လည်း မြူခိုးနီထုကြီး နှင့် ​လေဆင်နှာ​မောင်းတို့ထံ ​မှော်အတတ်တို့အသုံးပြုတိုက်ခိုက်​နေ​သူတို့ရှိ​လေသည်။ ထိုသည်သာမက ​​ကြောင်အမ်းစွာဖြင့် ​လေအား ပိုင်းခုတ်​နေကြ​သော ရဲမက်တို့လည်းရှိသည်။

"သင်္ဘောကိုလှည့်! မြူ နဲ့​လေဆင်နှာ​မောင်း​တွေဆီက​နေပြီး ငါတို့​ဝေး​ဝေးသွားဖို့လိုတယ်!"

အသိပြန်ဝင်လာ​သော လူတစ်ချို့သည် မြူထုအား​ ရှောင်ရှားကာ ​မှော်ဒိုင်းကာများအတွင်းမှ စတင်​ အော်​ပြောလာခဲ့သည်။ ထိုအချင်းအရာအား မြင်နေ​ရသော နဂါးလိုက်မုဆိုးသည် ရုတ်တရက် လူတစ်​ယောက်အား သတိသွားရသည်။

'Mage အိုကြီးက ဘာလို့ ဘာမှမလုပ်တာလဲ?'

'ငါ့ကိုကယ်ဖို့ ဘာလို့ သူကရောက်မလာတာလဲ?'

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now