Chapter 205: The Ocean Is...(5)

888 150 18
                                    

အခန်း (၂၀၅): သမုဒ္ဓရာကြီးက...(၅)

Words Count: 5128

UNICODE

ကြမ်းတမ်းလှ​သော​​ ဆောင်းတွင်းလို ရာသီဥတုမျိုး၌ သမုဒ္ဓရာကြီးအား ဖြတ်သန်းဖို့ဆိုသည်မှာ မလွယ်ကူလှ။

ဒါ​ကြောင့်ပဲ ​သမုဒ္ဓရာမြောက်ပိုင်းအား ရွက်လွှင့်ဖြတ်သန်းလာခဲ့သည့် ​ရေ​ကြောင်းပြအကုန်လုံးမှာ ကျွမ်းကျင်ပညာရှင်များပင် ဖြစ်ကြ​​လေသည်။ ​မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တို့သည် အ​ကောင်းတကအ​ကောင်းဆုံးဆိုသည့် ပညာရှင်များအား​ ရွေးချယ်ခန့်အပ်ခဲ့သည်။

သို့​သော် ထိုအရာတို့အကုန်မှာ အ​ရေးမပါ​တော့။

ဘန်းးးး!

မြူခိုးနီနီတို့ဆီမှလွတ်​မြောက်ရန်အတွက် ​ရေဝဲကြီးများအား​ ကျော်ဖြတ်ခဲ့ကာ သီသီ​လေးအသက်ရှင်လာခဲ့​ကြသည့် ဤ​ရေ​ကြောင်းပြတို့အား တကယ့်​သေမင်းအစစ်သည် ကိုယ်ထင်ပြလာ​တော့သည်။

"ကိုယ့်​နေရာကိုယ်ယူကြ! အ​မြှောက်​တွေကိုအသင့်ပြင်!"

သံမဏိမဟာမိတ်တပ်ဖွဲ့ မှစစ်သားများသည် ​ နောက်ဆုံး​တော့ အသိပြန်ဝင်လာကာ စတင်လှုပ်ရှားကြ​တော့သည်။ သူတို့၏မျက်နှာတို့မှာ  အ​ကြောက်တရားဖြင့်ပြည့်နှက်​နေလျက်။

သူတို့၏ ရဲ​ဘော်ရဲဘက်အ​လောင်းတို့အား​ ​ကျော်ခွလို့ သူတို့​သည် မြန်မြန်သွက်သွက်လှုပ်ရှား​နေရ​သော်လည်း ထိုပြသနာအား ဂရုစိုက်ဖို့ သူတို့မအား​သေး။

"အားးးးးးးး-!"

အဆိပ်သင့်ထား​သော်လည်း မ​သေ​သေး​သော စစ်သားတစ်ဦးသည် ကြမ်း​ပြင်​​ပေါ် ၌​တောင့်​တောင့်ကြီးလဲကျလို့။  သူ၏ခန္ဓာကိုယ်မှာ တခြားစစ်သားများ၏တက်နင်းခြင်းကို ခံ​နေရ​သော်လည်း စစ်သားများသည် သူ့အား တစ်ချက်သာလှည့်ကြည့်ကာ လုပ်စရာရှိတာ ဆက်လုပ်ကြ၏။

စစ်သားများ၏​ခေါင်းထဲ၌ အကယ်၍ သူတို့သာ ထိုလူအား အချိန်​​ပေးကူညီခဲ့လျှင် ​သေမင်းမှာ သူတို့ဘက်သို့ မြှားဦးလှည့်လာနိုင်သည် ဟူ​သောအ​တွေးတို့ ဖြင့်ပြည့်​နေ​သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now