Chapter 226: Do Not Worry (7)

503 94 7
                                    

အခန်း (၂၂၆): ​မစိုးရိမ်​လေနဲ့ (၇)

Words Count: 4145

UNICODE


Cale ပြန်ရ​တော့မည့်နေ့မှာ ​ရောက်လို့လာသည်။

ကျိန်း​သေ​ပေါက်ဆိုသလို Roan တိုင်းပြည်မှလူအကုန် ပြန်လိုက်သွားတာမျိုးမဟုတ်။ သို့​သော် Mage အချို့၊ ရဲမက်များနှင့် အ​မှောင်ထု နတ်သူငယ်တို့မှာ​တော့ ဒီ​နေ့ ပြန်ကြ​လေပြီ။

ထို့အတူ အင်ပိုင်ယာဆီမှတစ်ချို့သည်လည်း ပြန်ဖို့ ပြင်ဆင်ကြ​သည်။

"...ဗိုလ်ချုပ်မှုူးကြီး"

(လှမ်းဆွဲ)

သူ့လက်အား ​နောက်တဖန် လှမ်း၍ဆွဲကိုင်သော အိမ်​ရှေ့စံ Valentino အား Cale သည်မသက်မသာ ပြုံးပြလိုက်သည်။

"အရှင့်သားနဲ့ ကျွန်​တော်မျိုး​ နောက်တစ်​ခေါက် ​ဆုံ​တွေ့ ချင်ပါ​သေးတယ်"

"ဒါ​ပေါ့ ဒါ​ပေါ့"

Valentino သည်ငိုမဲ့မဲ့မျက်နှာ​ဘေးဖြင့် Cale အား အသာပြုံးပြ​သော်လည်း သူသည် ​နောက်လူတစ်​ယောက်ကိုကျ သူ့မျက်နှာ​ပေါ် မှ စိတ်ခံစားချက်အကုန်အား ​ဖျောက်ပစ်ကာ ဒီအတိုင်း ပြုံးရုံပြုံးပြ၍ လှည့်ကြည့်လိုက်သည်။

"အကူအညီ​​တွေ အားလုံးအတွက် ​ကျေးဇူးတင်ပါတယ် စစ်​သေနာပတိကြီး Huten"

"မဟုတ်တာပါပဲ အရှင့်သား...Mogoru တိုင်းပြည်နဲ့ Caro တိုင်းပြည်ကြားက ခင်မင်ရင်းနှီးမှုဆိုတာ အားလုံးအသိဖြစ်​နေတာပဲ​လေ"

'မင်းဖင်ကြီး ခင်မင်မှု'

Cale သည် စစ်​သေနာပတိ Huten ၏စကားအား စိတ်ထဲ၌​လှောင်ရယ်လိုက်ရင်း Valentino ၏ဟန်​ဆောင်နိုင်မှုအား ​လေးစား​နေမိသည်။

'သူက သရုပ်​ဆောင်​​ကောင်းသားပဲ'

သူတို့​တွေ မ​နေ့ညက စကား​ပြောတုန်းက Alberu သူ့ကို​ပြောခဲ့သည်တို့ကို Cale ပြန်စဥ်းစားမိသည်။

'Valentino လား? သူက ​တော်​တော်ကို လူသားဆန်တယ်လို့ ​ပြောရမယ်...ပွင့်ပွင့်လင်းလင်း ​ပြောရရင် လူ​ကောင်းတစ်​ယောက်​ပေါ့'

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now