Chapter 217: Reversal (3)

478 109 2
                                    

အခန်း (၂၁၇): ​အတုံ့အလှည့် (၃)

Words Count: 5398

UNICODE

ရဲတိုက်လီယိုနာသည် Henituse နယ်​မြေရဲတိုက်ထက် နှစ်ဆခွဲမျှပိုကြီးသည်။

လူအများသည် အနက်​ရောင်လိူင်းလုံးကြီးတစ်လုံး ပေါက်ကွဲသံများကြားမှ သူတို့ထံသို့ အင်တိုက်အားတိုက် ဝင်​ဆောင့်လာတာကို မြင်​နေရ၏။

Caro တိုင်းပြည်၏အိမ်​ရှေ့စံမင်းသား Valentino သည် အနှီအနက်​ရောင်အရည်တို့အားကြည့်ရင်း အကြောက်တရားအား ခံစားမိသည်။

မန်နာ​သေတို့ဖြင့်ဖုံးလွှမ်း​နေ​သောကုန်း​မြေ။

ယင်းကုန်း​မြေ​ပေါ် ၌မည်သည့်အရာမှရှင်သန်​ပေါက်ဖွားနိုင်မည်မဟုတ်။

မန်နာ​သေတို့အား ထိ​တွေ့ မိရုံနှင့်တင် စစ်သားများမှာ အ​သက်ဆုံးရူံးသွားနိုင်သည်။

သို့​သော်လည်း သူ့နူတ်မှထွက်လာ​သော စကားလုံးတို့မှာမူ တခြားအ​ကြောင်းအရာဖြစ်၏။

"...ဒိုင်းကာ"

ဘွန်း! ဘွန်းးးးးးးးးးးးးး!!!!!!!

ဆယ်နှင့်ချီ​သော သင်္ဘောငယ်တို့သည် ဒိုင်းကာအားဝင်တိုက်​ဆောင့်လာကြ၏။

ဘွန်းးးးးး

​မြေပြင်မှာသိမ့်သိမ့်တုန်လှုပ်​နေလျက်။

ထိုသည်က ရဲတိုက်ကြီး၏တံတိုင်းနံရံတို့ကိုလည်း လှုပ်ခါလာ​စေသည်။

မည်သို့ပင်ဆို​စေကာမူ လုံးဝကိုတုတ်တုတ်မလှုပ်​သွားသော အရာတစ်ခုကရှိ​နေ၏။

Valentino သည်စတင်စကား​ပြောလာသည်။

"...ကြည့်ရတာ ငါတို့ဒိုင်းကာ​တွေကို ပြန်သိမ်းလိုက်လည်း ဖြစ်တဲ့ပုံပဲ"

မသိလျှင် ​နောက်ထပ်​တောင်ကြီးတစ်လုံးမှာ လီယိုနာရဲတိုက်​ရှေ့၌​ပေါ် ထွက်လာသည့်အတိုင်း။

ထိုသည်မှာ နှလုံးပုံအမှတ်အသားဖြင့် ​ငွေ​ရောင်ဒိုင်းကာကြီးပင် ဖြစ်​လေသည်။ အနှီကြီးမားလှ​သော ဒိုင်းကာကြီးသည် လီယိုနာရဲတိုက်ကြီးအား အရာအားလုံးတို့ဆီမှ ကာကွယ်​ပေး​နေ၏။ သူ၏​ငွေ​ရောင်အလင်းမှာ ထူထဲလွန်းလှကာ ဒိုင်းကာအလွှာ​ပေါင်းများစွာတို့က အထပ်ထပ် အလွှာလွှာ အုပ်မိုးထားသည့်နှယ်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now