Chapter 206: Your Back

691 118 1
                                    

အခန်း (၂၀၆): ​နောက်​​စေ့

Words Count: 4076

UNICODE

​အနီ​ရောင်သင်္ဘောများသည် ရွှေသင်္ဘောကြီးအားဝန်းရံလာကြသည်။

ထို့​နောက် Choi Han နှင့် ရဲမက်ကပ္ပတိန်​ခေါင်း​ဆောင်တို့သည် ​ရွှေသင်္ဘောကြီးထံ​ခုန်တက်လာကြကာ Cale ​နောက်နား၌ရပ်သည်။ အ​မှောင်ထုနတ်သူငယ် Tasha နှင့် သခင်မ​လေး Amiru သည်လည်း Cale ​နောက်နား၌ရှိ​နေကြသည်။

"Cale-nim"

Choi Han သည် ရှေးဦးစွာ Cale ၏နာမည်အား​ခေါ် လာသည်။ သူသည် Cale တစ်​ယောက်လှမ်း​မျှော်ကြည့်​နေပါ​သော သမုဒ္ဓရာပြင်ကြီးအား လိုက်ကြည့်သည်။ အပျက်အစီးအချို့ နှင့်အတူ အ​လောင်းများ​ပေါ​​​​လော​ပေါ​နေ​သော သမုဒ္ဓရာ​ရေပြင်။

Cale အနားသို့ Choi Han သည်​ ဖြည်းဖြည်းချင်း ချည်းကပ်သည်။ Cale မှာမျက်​မှောင်ကြုတ်လို့​နေတာကို သူ​တွေ့ လိုက်ရ၏။

'...သူကတကယ်ကိုနူးညံ့တဲ့နှလုံးသားပိုင်ရှင်ပဲ'

ထိုအချိန် စကားထ​ပြောလာသူက​တော့ Cale ပင်။

"ဘယ်​လောက် ငြိမ်းချမ်းလိုက်သလဲ"

သူ၏အသံမှာ ပင်ပန်းနေသံ။

မောပန်းနွမ်းလျမှုတို့မှာ သူ​ ဖွင့်ဟထုတ်​ပြောလာ​သော စကားလုံးတစ်လုံးချင်းစီတိုင်း၌ ​ သိသာထင်​ပေါ် ​​နေပေသည်။ Cale ၏အသံ​နေအသံထားကို ကြားလိုက်ရ​တော့ သင်္ဘော​ရှိ လူအကုန်လုံးမှာ နူတ်ဆိတ်သွားသည်။ သူ​ပြောလိုက်သည်မှာ ​ကောင်းမွန်​သောစကား ဖြစ်​သော်လည်း သူ၏​လေသံထဲ၌ပါ​သော အ​လေးစီး နှင့် ပူပန်မှုတို့က သူတို့အား နူတ်ပိတ်သွား​စေခဲ့သည်။

'ငြိမ်းချမ်းမှု' ဆိုတဲ့စကားကို ကြားလိုက်ရ​တော့ မျိုးရိုးမြင့်များထဲမှတစ်ဦးသည် ရုတ်တရက် တစ်စုံတစ်ခုအား သွား​တွေးမိ​လေသည်။  တိုက်ပွဲ​တောက်​လျှောက် သူမှာ Henituse အိမ်​တော်အ​ကြောင်းအား ​တွေး​နေမိသဖြင့် ဤအ​ကြောင်းအရာကို သူသတိရသွားတာဖြစ်သည်။

သူသည်လွှတ်ခနဲထုတ်​​ပြောမိသွားသည်။

"...သမိုင်းတွင်​အောင်​နေဖို့မလိုဘူး...ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ​ပျော်​ပျော်သာ​နေ"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now