Chapter 209: Your Back (4)

678 113 2
                                    

အခန်း (၂၀၉): ​နောက်​​စေ့ (၄)

Words Count: 5352

UNICODE

Cale သည် Raon ၏အသံအား ကြားလိုက်ရ၏။

• "သူက တကယ် တစ်ခန်းလွတ်​နေတာပဲ"

သက်ပြင်းချသံဖြင့် ​ပြောလာ​သော ​ခြောက်နှစ်သား နဂါးငယ်​လေး၏စကားအား Cale သည် ဘာမှပြန်မ​ပြောနိုင်ခဲ့ရပါ​ပေ။

Paseton ကသူ့အားအကြည့်တစ်မျိုးဖြင့် စိုက်ကြည့်​နေတာကို​ရော၊ လှည့်ကင်းတပ်စခန်းထဲ ​တောင့်​တောင့်ကြီး ဝင်သွားကြ​သော Witira နှင့် Archie တို့၏​ခြေလှမ်းတို့ကိုပါ သူသတိပြုမိပါ​သော်လည်း Cale သည် မည်သည့်တုံ့ပြန်ချက်ကိုမှမပြနိုင်ခဲ့။

အထူးသဖြင့် Killer ​ဝေလငါးကြီး Archie မှာ အ​တော်​လေး ထိတ်လန့်သွားသည့်ပုံပင်။

"...ဝါး...​စောက်ကျိုးနည်း...ဘယ်လို အရူး-အဲ့​​လေ- ဘယ်လိုအံ့ဩသင့်စရာ​ကောင်းတာ​တွေကို လုပ်ခဲ့တာမို့..."

Archie သည် Clopeh ဘက်အားလှမ်းကြည့်ရင်း သူ၏စကားလုံးတို့အား ချီးကျူးစကား အဖြစ်သို့ ​ပြောင်းလဲလိုက်သည်။

"ဒီပုဂ္ဂိုလ်ကြီး နူတ်ကဆိုသမျှ စကားလုံး​တွေထဲမှာ အမှန်တရားမဟုတ်တာ တစ်ခုမှမပါပါဘူး...ပြီးတော့ အရာခပ်သိမ်းကို ဒီပုဂ္ဂိုလ်က ​ဖောက်ထွင်းသိမြင်နိုင်ပါတယ် အ​ဖေ...ဒီ ဆာ ​​နောက်သာ ကျွန်​တော်တို့လိုက်မယ်ဆိုရင် ကျွန်​တော်တို့ မှန်ကန်တဲ့လမ်း​ကြောင်း​​ပေါ်  ​လျှောက်နိုင်မှာပါ"

Cale အားအမွမ်းတင်ချီးကျူး​နေ​သော Clopeh ၏စကားတို့အား Archie သည် မယုံကြည်နိုင်ဖြစ်မိသည်။ သို့​သော်လည်း သူ့အား ပို၍ထိတ်လန့်​စေသည်က ယင်းစကားလုံးတို့နောက်ကွယ်မှ အမှန်တရားကိုပင်။

'အဲ့ဒါ တကယ်တမ်း ဟုတ်​နေတာပဲ'

Clopeh ၏စကားမှာ တကယ်​​တော့ အမှန်ဖြစ်​ပေသည်။ ​ပြောပုံဆိုပုံက​ ဟုတ်မ​နေဘူးဆို​ပေမဲ့ မှန်ကန်တဲ့အရာကို လုပ်​ဆောင်ဖို့အတွက် သခင်​လေး Cale က တခြားလူ​တွေထက် အမြဲတမ်း ​​ခြေတစ်လှမ်းသာ​နေခဲ့တယ် မဟုတ်ပါလား?

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟯  (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now